36 C
Yangon

အကြမ်းဖက် စစ်ကောင်စီ၏ ကာ/လုံအစည်းအဝေးတွင် နိုင်ငံက သာမန် အခြေ အနေ မဟုတ်ဟု ဆုံးဖြတ်၊ အပြောင်းအလဲမရှိ သက်တမ်းတိုးသည့် သဘောဟု စစ်ဘက် သတင်းရင်းမြစ်ပြေ

Must read

အကြမ်းဖက် စစ်ကောင်စီ၏ ကာ/လုံအစည်းအဝေးတွင် နိုင်ငံက သာမန် အခြေ အနေ မဟုတ်ဟု ဆုံးဖြတ်၊ အပြောင်းအလဲမရှိ သက်တမ်းတိုးသည့် သဘောဟု စစ်ဘက် သတင်းရင်းမြစ်ပြော

ရန်ကုန်| ဇန်နဝါရီ၊ ၃၀

အကြမ်းဖက် စစ်ကောင်စီက ယနေ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့တွင် နေပြည်တော်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးကို ပြုလုပ်ခဲ့ကြပြီး နိုင်ငံက သာမန်အခြေအနေမဟုတ်ဟု ဆွေး နွေး ကြကြောင်း သိရှိရသည်။

စစ်တပ်က အာဏာသိမ်းသည့် ၂နှစ်ပြည့် ယနေ့ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်း တွင် စစ်ကောင်စီခန့် ယာယီသမ္မတ ဟုဆိုသူ မြင့်ဆွေ တက်ရောက်သော ကာ/လုံ အစည်းအဝေး ကျင်းပခဲ့ပြီး လက်ရှိတိုင်းပြည် အခြေအနေသည် သာ မန် မဟုတ်သည့်အခြေအနေဟုဆိုကြသည်။

ဆွေးနွေးမှုတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ အမျိုး သား ညီညွတ်ရေးအစိုးရ NUGနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ရှိ နေ သည့် အခြေအနေအပေါ် သာမန်မဟုတ်သည့် အခြေအနေဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ကာလုံ၏ ‌ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ အစည်းအဝေးသို့ ယာယီသမ္မတဟု ဆိုသူ မြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဟုဆိုသူ တီခွန်မြတ်၊ အကြမ်းဖက် မင်း အောင် လှိုင်၊ အကြမ်းဖက် စိုးဝင်း၊ အကြမ်းဖက် မြထွန်းဦး၊ အကြမ်းဖက် စိုး ထွဋ်၊ အကြမ်းဖက် ဝဏ္ဏမောင်လွင်၊ အကြမ်းဖက် ထွန်းထွန်းနောင်၊ အကြမ်း ဖက် အောင်လင်းဒွေး၊ အကြမ်းဖက် ရဲဝင်းဦး၊ ဝန်ကြီး ဟုဆိုသူ သီတာဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

“သူတို့ ကာ/လုံ အစည်းအဝေးနဲ့ပတ်သက်တဲ့ အချက်အလက် ၊ သတင်းတွေ ကျ နော် မရသေးပါဘူး။ စာရွက်စာတမ်းလည်း မထွက်လာသေးဘူး။ ဒါပေမယ့် ထုတ် ပြန်ချက်အရ ဆိုရင်တော့ နောက်ထပ် ၆ လ သက်တမ်းတိုးတဲ့သဘောလို့ မှတ်ယူလို့ရပါတယ်။ ဘာ အပြောင်းအလဲမှ မရှိတဲ့သဘောပါ” ဟု ရန်ကုန်ခေတ် သစ် ၏ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article