34 C
Yangon

ကနီမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၃၀ ကျော်ပြာကျ

Must read

ကနီမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၃၀ ကျော်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၃၀ ကျော် ပြာကျခဲ့ကြောင်း KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တွင် ကနီမြို့နယ်အတွင်းရှိ သပြေတောရွာ၊ အုန်းပင်ဆိပ်ရွာနှင့် နတ်လဘို့မြောက်ရွာတို့ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၃၀ လုံးပြာကျခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက ကျေးရွာ ၃ ရွာကို ၂ ရက်ဆက်တိုက် မီးရှို့သွားတာ ကျေးရွာ သုံးရွာမှာရှိတဲ့ စုစုပေါင်း နေအိမ် ၁၃၀ ကျော်ပြာကျသွားတယ်။ သူတို့ သင်္ဘောကို ကျနော်တို့ သိမ်းပိုက်လိုက်လို့ ရွာတွေကို မီးပြန်ရှို့တာ” ဟု KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article