34 C
Yangon

ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျ

Must read

ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တည်ပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၅၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

တည်ပင်ရွာသည် ရက်ကန်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ လက်ရက်ကန်းရုံများနှင့် စက်ရက်ကန်းရုံများကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

” စစ်သားတွေက စပါး​တွေလည်း မီးရှို့ဖျက်ဆီးသွားတယ်။

ရွာကလူ​တွေလည်း နေစရာ စားစရာမရှိ​တော့ပါဘူး။ ရက်ကန်းခတ် လုပ်စား​နေရတဲ့ သူ​တွေလည်း ရက်ကန်းစင် မီးရှို့ခံလိုက်ရလို့ ရွာကလူ​တွေ​ တော်တော် ဒုက္ခရောက်​နေကြပါတယ်။ ရွာက လက်ရက်ကန်း စက်ရက်ကန်းနဲ့ အသက်မွေး ဝမ်းကြောင်းပြုတာပါ။ အဲ့တာ​တွေ မီးရှို့​တော့ စားစရာ​သောက်စရာကို မရှိ​တော့တာပါ။ တော်တော်လေးကို ဒုက္ခ ရောက်နေပါတယ်။ ​နေအိမ် ၁၅၀​ကျော်​ပြာကျ သွားတာပါတယ်။ သံတိုသံစ​ ရောင်းမရအောင်ကိုပါ ပြာကျသွားတာပါ။ ပိုဆိုးတာက​ လုပ်စားစရာကို မရှိတော့တာ ရွာက လူ​တွေ ငိုကြွေး ပူ​ဆွေး​နေပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article