28 C
Yangon

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူးပေါင်း ပို့ချနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် – ၄ အထိ ရောက်ရှိပြီ

Must read

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူးပေါင်း ပို့ချနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် – ၄ အထိ ရောက်ရှိပြီ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူး ပေါင်း သင်တန်းပေးနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင် ရေးသင်တန်း အပတ်စဥ် – ၄ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အပတ်စဉ် ၁ ကနေပြီးတော့ အပတ်စဉ် ၄ အထိ အမေရိကန် မရိန်းတပ်ဖွဲ့က သင်တန်းဆရာ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU သင်တန်းဆရာတွေ ပူး ပေါင်းပြီး အထူးစစ်ဆင်ရေး သင်တန်းတွေ ပို့ချနေတာဖြစ်ပါတယ်” ဟု တောင် ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် – ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ခံ မှသင်တန်းဆင်းမိန့်ခွန်း ပြောကြားခြင်း၊ သစ္စာဓိဌာန်ပြုခြင်း၊ စစ်ရေးပြလှည့်လည်ခြင်းနှင့် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုခြင်းအစီအစဥ်များကျင်းပခဲ့ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်။

အပတ်စဉ် ၄ သင်တန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယလပတ်မှ ဒီဇင်ဘာလ ဒုတိယလပတ်အထိ (သုံးလ) သင်ကြားပေးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်တန်းဆင်းခဲ့ခြင်းဖြစ်သည်။

သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသခြင်း နှင့် မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျသော စစ်ရေးလေ့ကျင့်မှူများကို စာတွေ့လက်တွေ ၊နေ့ရောညပါ သင်ကြားပို့ချခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article