28 C
Yangon

ဆားလင်းကြီး၊ သံဖြူဇရပ်နှင့် ညောင်လေးပင်တွင် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ဆားလင်းကြီး၊ သံဖြူဇရပ်နှင့် ညောင်လေးပင်တွင် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဓားမဆိုင်းတပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နံနက် ၈ နာရီ ဝန်းကျင်တွင် အောင်ချမ်းသာ ကျေးရွာမှ တစ်ဆင့် ဆားလင်းကြီးမြို့ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓားမဆိုင်းတပ်မတော်က ပဒေသာမိုင်း ၃ ပွိုင့် ထားကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“၂ ရက်နေ့က ပုလဲမြို့နယ်ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ပါတဲ့ ခွေးစစ်ကြောင်းက ဆားကြီးမြို့နယ်ထဲမှာရှိတဲ့ ကျိုင့်ခမောက် ကျေးရွာကို ဝင်ရောက်ပြီး ကံကြီးတောကျေးရွာက ပြည်သူပိုင် နေအိမ်တွေကို ဖျက်စီးပြီး ဆားလင်းကြီးဘက်ကို စစ်ကြောင်း ထိုးလာအုန်း ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ စစ်သား ၇ ဦးသေတယ်” ဟု ဓားမဆိုင်းတပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မွန်ပြည်နယ်၊ သံဖြူရပ်မြို့နယ်၊ သံဖြူဇရပ်-ရေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက် နံနက် ၈ နာရီခန့်က ရေးမြို့မှ သံဖြူဇရပ်ဘက်သို့ ယာဉ်တန်းဖြင့် လာ ရောက်သည့် အကြမ်းဖက်စစ်သားများကို လုံခြုံရေးယူပေးရန် ရေးမြို့နယ်၊ အောင်သပြေရွာအနီး ကင်း ပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးသေဆုံး ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁၁ နာရီခန့်တွင် ရေးမြို့မှ သံဖြူဇရပ်ဘက်သို့ သွားသည့် အကြမ်းဖက်စစ်ကား ၈ စီးပါယာဉ်တန်းကို အေးကမ္ဘာရွာအနီးတွင် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ချုံခိုပစ်ခတ် တိုက် ခိုက် ခဲ့ရာ စစ်ကား ၁ စီးပျက်စီးပြီး အကြမ်းဖက်စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရ သည်။

မွန်းလွဲ ၁၂ နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊ ကလိန်ပဒေါရွာနှင့် ကျုံမထီးရွာကြားတွင် အကြမ်း ဖက်စစ်ကား ၄ စီးကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ၃ ကြိမ်မိုင်းဆွဲပြီး ချုံခိုပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်ကား ၁ စီး ထပ်မံ ပျက်စီးပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြိုနယ်၊ တော်ဝိကျေးရွာ ဘူတာရုံကင်းစခန်းရှိ အကြမ်းဖက်စစ်သားများနှင့် ထောက်တိုင် ပျူစောထီးများကို ဖေဖော်ဝါရီလ ၂ ရက် ညနေ ၆ နာရီ မိနစ် ၅၀ က M79 ဖြင့် တစ်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ညောင်လေးပင်မြိုနယ်ပကဖက နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ အတည်ပြုစုံစမ်းနေဆဲဖြစ် ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article