28 C
Yangon

ကျွန်းလှ၊ ရွှေဘို၊ ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်သား ၄၀ ကျော်သေဆုံး

Must read

ကျွန်းလှ၊ ရွှေဘို၊ ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်သား ၄၀ ကျော်သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်သား ၄၀ ကျော်သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့်ဒေသပြည်သူများထံမှ သိရှိရသည်။

ကျွန်းလှတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၄၀ ဦးထက်မနည်းသေဆုံး

=======================================

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ပိတောက်ပင်ရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြားကာ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပိတောက်ပင်ရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သား ၄၀ ဦး၏ ရုပ်အလောင်းများကို ပိတောက်ပင်ရွာရှိ ပြည်သူပိုင်နေအိမ်များအတွင်းထည့်ကာ မီးရှို့သွား​ပြီး နေအိမ် ၁၄ လုံးပြာကျခဲ့ကြောင်း သိရသည်။

” ကျွန်းလှမြို့နယ် ပိတောက်ပင်ရွာ မီးရှို့ခံလိုက်ရပြီ စစ်ခွေးတွေလည်း အသေများတယ်လို့ သိရတယ်။ စစ်ခွေး ၄၀ လောက် သေတယ်ပြောတယ်။ ပိ တောက်ပင် ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို PDF တပ်ဖွဲ့တွေက ဝင်တိုက်တာလို့ သိရတယ်။ သေသွားတဲ့ စစ်ခွေး အလောင်းတွေကို ရွာထဲက ပြည်သူပိုင်နေအိမ်တွေထဲထည့်ပြီး မီးရှို့သွားတာ စစ်ခွေးတွေကတော့ အခုရွာထဲမှာမရှိတော့ဘူး။ ပြန်ဆုတ်သွားပြီလို့ သိရတယ်။ ပြည်သူပိုင် နေအိမ် ၁၄ လုံးမီးလောင် ပြာကျသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ရွှေဘိုတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦးသေဆုံး

================================

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ စစ်သားနှင့် ပျူစောထီးများ ဇီးဖြူကုန်းရွာသို့အသွား လမ်းတစ်နေရာ၌ ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၇ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့နှင့် ဗိုလ်ဂျပန်ကြီး ၏ SHWEBO LPDFအဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ ရွှေဘိုမြို့နယ် ၊တိုက်နယ်-၂ မဟာမိတ် ညီကိုများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က RPG၊ ၆ မမ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့​ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကန့်ဘလူမြို့နယ်၊ ငှက်မွှေးတောင်အနီးတွင် စစ်သားများ မိုင်းမိပြီး ၇ ဦး ဒဏ် ရာရ

=======================================

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်မွှေးတောင်နားတွင် ခြေလျင် ထွက်လာသော အကြမ်းဖက် စစ် သားများတိုက်မိုင်းမိကာ ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Kotaungbo Revolution –KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက် နံနက် ၆ နာရီကျော်ခန့်က ကိုးတောင်ဘို့ရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သားများထဲမှ အင်အား ၇၀ ဦးခန့် သည် ကောလင်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးရန် ခြေ လျင်ထွက်ခွာလာစဉ် ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်အစပ် ငှက်မွှေးတောင်အနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော တိုက်မိုင်း ၂ လုံးမိကာ အကြမ်းဖက်စစ်သား ၇ ဦး ခန့်ထိခိုက်ဒဏ်ရာရရှိပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။

“သေတာကတော့ အတိအကျမသိရဘူး၊ အခုညနေ ၄ နာရီကျော်လောက်မှာ ခွေးအထိုင်စခန်းဘက်မှာ မီးခိုးတွေလည်း မြင်ရတယ်၊ သေနတ်ပစ်ဖောက်သံတွေလဲ ကြားရတယ်ဆိုတော့ ခွေးသေတွေ မီးရှို့ သင်္ဂြိုလ်တာဖြစ်နိုင်တယ်လို့ ယူဆရတယ်၊ မိုင်းထိပြီးတော့ ပြန်ဆုတ်တဲ့အချိန်မှာ ခြေလျင်ပြန်လာတာ ခွေး ၆၃ ကောင်ပဲ လမ်းလျှောက်ပြန်တယ်၊ ကျန်တာက အထမ်းနဲ့ လှည်းပေါ့” ဟု Kotaungbo Revolution –KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြေကြားသည်။

မိုင်းထိပြီးနောက် ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို အထမ်း ၂ ထမ်း၊ လှည်တစ်စီးဖြင့် တင် ပြီး ကိုးတောင်ဘို့အထိုင်ချတပ်စခန်းအတွင်းသို့ နေ့လည် ၂ နာရီခန့်တွင် ပြန်ဝင်သွားကြောင်း၊ ယင်းအ ကြမ်းဖက်စစ်သားများသည် ကိုးတောင်ဘို့ရွာမှ အရှေ့ဘက်ကောလင်းမြို့နယ်အတွင်းရှိကျေးရွာများနှင့် ကိုးတောင်ဘို့အနောက်ဘက်နှင့်တောင်ဘက်ရှိကျေးရွာများကို တစ်လျှင် ၃ ကြိမ်ခန့်စစ်ကြောင်းထိုးလှုပ် ရှားလေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး လမ်းလုံခြုံရေး ယူထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article