32 C
Yangon

စစ်ကောင်စီ လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သား အဖြစ် ဖမ်းဆီးစုဆောင်း ထားသော ကလေး ငယ်များ အပါအဝင် တအောင်းလူမျိုး ၁၂၇ ဦးကို TNLA က ကယ်ထုတ်

Must read

စစ်ကောင်စီ လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သား အဖြစ် ဖမ်းဆီးစုဆောင်း ထားသော ကလေး ငယ်များ အပါအဝင် တအောင်းလူမျိုး ၁၂၇ ဦးကို TNLA က ကယ်ထုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သားအဖြစ် ဖမ်းဆီး စုဆောင်း ထားသော ကလေး ငယ်များ အပါအဝင် တအောင်းလူမျိုး ၁၂၇ ဦးကို TNLA က ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

တအာင်းပြည်နယ်၊ တပ်မဟာ ၆ စစ်ဒေသ၊ မိုင်းယော်တိုက်နယ် ဂျာယန်ကျေး ရွာရှိ စစ်တပ် လက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်းအတွင်း ဖမ်းဆီး စုဆောင်းထားသော တအာင်း(ပလောင်)လူမျိုး ၁၂၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ၊ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၄ နာရီခန့်က ဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သားအဖြစ် အတင်းအဓမ္မ ဖမ်းဆီးသိမ်းသွင်းထားသည့် တအောင်း(ပလောင်)လူမျိုး အသက် ၈ နှစ်မှ ၁၇ နှစ်ကြား၂၀ ဦးနှင့် အသက် ၁၈ နှစ်မှ ၆၅ ကြား ၁၀၇ ဦး၊ တို့တွင် အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၁၅ ဦးတို့ကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်မဟာ ၇ တပ်ဖွဲ့က အင်အား ၅၀၀ ကျော် အသုံးပြု တိုက် ခိုက်ကာ ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

“တအာင်းကလေးငယ်တွေကို အဲဒီဂျာယန်ပြည်သူ့စစ်အဖွဲ့က စစ်သားအဖြစ် စုဆောင်းနေတာ ကြာပြီ။ ပြီးခဲ့တဲ့လပိုင်းကပဲ တအာင်းရွာတစ်ရွာက အသက် ၉ နှစ်အရွယ် မူလတန်းတက်နေတဲ့ ကလေး‌တွေကို ဖမ်းခေါ်သွားသေးတယ်၊ တခါတရံ တော့ TNLA က ပြန်တောင်းလို့ရခဲ့တာတွေ ရှိတယ်၊ ဂျာယန် ပြည်သူ့စစ်အဖွဲ့က တအာင်းကလေးတွေကို အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းပြီးရင် ဝက်မွေးတာ၊ ကင်းစောင့်တာ၊ လူကြီးတွေရဲ့အိမ်တွေမှာ အလုပ်လုပ်ခိုင်းတယ်လို့ သိရပါတယ်” ဟု တအာင်း ဒေသခံ တစ်ဦးက ပြောကြားသည်။

ထိုသို့ကယ်ထုတ်စဉ် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ တိုက်လေယာဉ်များဖြင့် ဗုံးအလုံး ၃၀ ထက် မနည်းကို ပစ်ကူးပေးတိုက်ခိုက်ခဲ့သည့်အပြင် ဂျာယန်ကျေးရွာအနီးသို့လည်း စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article