လောင်းလုံးတွင် စစ်အာဏာရှင် တော်လှန်ရေး လူထု ဟောပြောပွဲ ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီမှ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှု ပြုလုပ်စဥ်အတွင်း ဆိုင်ကယ် ၁ စီးဖြင့် လူ ၂ ဦးရောက်ရှိလာကာ သေနတ် ၃ ချက် ပစ်ခတ် ခြိမ်းခြောက်သွားကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီ အရေး လှုရှားမှု သပိတ်ကော်မတီ ထံမှ သိရရှိရသည်။



