33 C
Yangon

ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သက် ကြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေးမြို့တွင် ကိုယ်ဝန် ဆောင် ဇနီးသည်နှင့် ခင်ပွန်းကို စစ်တပ်က ပစ်သတ်ပြီး အလောင်း ၂ လောင်းကို မီးရှို့

Must read

ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သက် ကြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေးမြို့တွင် ကိုယ်ဝန် ဆောင် ဇနီးသည်နှင့် ခင်ပွန်းကို စစ်တပ်က ပစ်သတ်ပြီး အလောင်း ၂ လောင်းကို မီးရှို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ရှိ ကျေးရွာ ၂ ရွာကို အကြမ်း ဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကော့ ကရိတ်မြို့နယ် ကျုံဒိုးမြို့ရှိ မိဂဠုန်ရွာနှင့် ကျောက်ဖျာရွာတို့ကို လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၆၀ အရွယ် ဒေါ်တပ်မူးနော် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

” စစ်တပ်ဘက် လက်နက်ကြီးတွေနဲ့ မိဂဠုန်ရွာနဲ့ ကျောက်ဖျာရွာတွေကို ပစ် ခတ်လို့ ပြည်သူ့ပိုင် နေအိမ်တစ်လုံး ထိမှန်ပျက်စီးတယ်။ ကရင်တိုင်းရင်းသူ အသက် ၆၀ အရွယ် ဒေါ်တပ်မူးနော် ပွဲချင်းပြီးသေဆုံးတယ်။ မပေါက်ကွဲသေးတဲ့ လက် နက်ကြီးတစ်လုံးလည်း ကျန်သေးတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူများ တစ်ဦးကပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၁ နာရီအချိန် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်က ဦးဟမ်မန်နှင့် ကိုယ်ဝန် ၅ လ ဇနီးသည်ကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်ကိုပါ မီးရှို့သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“စစ်တပ်က ကလေးမြို့မှာနေတဲ့ ဦးဟမ်မန်ရဲ့ နေအိမ်ကို ဝင်စီးပြီး သူနဲ့ သူ့ဇနီး ကိုယ်ဝန် ၅ လ ကို ပစ်သတ်တယ်။ ပြီးတော့ အလောင်း ၂ လောင်းလုံးကို အိမ်နဲ့အတူ မီး ရှို့ လိုက်တယ်။ လင်မယား ၂ ဦးလုံးကို သေနတ်နဲ့ ၁၅ ချက်လောက် တောက် လျှောက်ပစ်သတ်တာပါ။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article