30 C
Yangon

ကနီမြို့နယ်၊ ဧရာ၀တီမြစ်အတွင်း သောင်တင်နေသော စစ်တပ် ထောက်ပို့ သင်္ဘောကို PDF တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၀ ဦးသေဆုံး ၊ စစ်တပ်ရိက္ခာ ဆန်၊ ဆီ၊ဆားနှင့် ဒီဇယ်ပီပါများကို PDF က သိမ်းဆည်း

Must read

ကနီမြို့နယ်၊ ဧရာ၀တီမြစ်အတွင်း သောင်တင်နေသော စစ်တပ် ထောက်ပို့ သင်္ဘောကို PDF တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၀ ဦးသေဆုံး ၊ စစ်တပ်ရိက္ခာ ဆန်၊ ဆီ၊ဆားနှင့် ဒီဇယ်ပီပါများကို PDF က သိမ်းဆည်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သပြေတောရွာအနီး ဧရာ၀တီမြစ်အတွင်း သောင် တင်နေသည့် အကြမ်းဖက် စစ်တပ် ထောက်ပို့ သင်္ဘောကို PDF တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၂၀ ဦးသေဆုံးကြောင်း KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၇ နာရီခန့်တွင် ကနီမြို့နယ်၊ သပြေတောရွာအနီး သောင်တင်နေသည့် အကြမ်းဖက် စစ်တပ် ထောက်ပို့ သင်္ဘောကို PDF တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သား ၂၀ ဦးသေဆုံးကာ သင်္ဘောပေါ်ရှိ ဒီဇယ်၊ ဆန်၊ ဆီ၊ ဆားနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သင်္ဘောကို အခုထိ သိမ်းထားတုန်းပါပဲ ပြန်လာမယူဘူး ခွေးတွေက ပြန်တော့ လာတယ်။ ပြန်လာပေမယ့် သင်္ဘောကို ယူမသွားနိုင်ကြဘူး။ သင်္ဘောပေါ်က ရရှိတဲ့ ဒီဇယ်၊ ဆန်၊ ဆီ၊ ဆားနဲ့ လက်နက် ခဲယမ်းတွေကို ခရိုင်းမှူးထံ အပ်နှံထား ပါတယ်။ သင်္ဘောပေါ်က ပစ္စည်းတွေကို ဒီနေ့မှ သိမ်းယူလို့ ကုန်လို့ အခုမှ ထုတ်ပြန်နိုင်တာပါ။ တိုက်ပွဲမှာတော့ စစ်ခွေး ၂၀ ထက်မနည်းသေဆုံးပါတယ်” ဟု KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်အထိ စစ်တပ်ထောက်ပို့ သင်္ဘောကို PDF တပ်များက ဆက်လက် သိမ်းဆည်းထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်များက ပြန်လည် ယူဆောင်နိုင်ခြင်းမရှိသေးဟု သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG PDF၊ နဂါးညီနောင်အဖွဲ့၊ Alpha အဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ ယင်းမာပင် PDA၊ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ ချိုမိုင်မိုင်အဖွဲ့၊ မြောက်ယမားအဖွဲ့၊ခရိုင်း ရင်း ၁ ၊ ခရိုင်း ရင်း ၂ နှင့် ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး မဟာမိတ်ညီနောင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article