32 C
Yangon

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဌာနချုပ်အပါအဝင် စစ်တပ်၏ မဟာဗျူဟာကျသော နေရာ ၁၅ ခုကို တိုက်ခိုက်မှု စစ်သား ၄၄ ဦးသေဆုံးကြောင်း MOD ထုတ်ပြန်

Must read

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဌာနချုပ်အပါအဝင် စစ်တပ်၏ မဟာဗျူဟာကျသော နေရာ ၁၅ ခုကို တိုက်ခိုက်မှု စစ်သား ၄၄ ဦးသေဆုံးကြောင်း MOD ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဌာနချုပ်အပါဝင် အကြမ်းဖက် စစ်တပ်၏ မဟာဗျူဟာကျသော နေရာ ၁၅ ခုကို PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၄၄ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ် အတွင်းရှိ ကိုးတောင်ဘို့အထိုင်စခန်း၊ စံပယ်နသာအထိုင် ရဲစခန်း၊ စိန်နားကျေးရွာပျုစောထီးအထိုင်စခန်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကောလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှိ ရန်သူ့တပ်များ၊ တန့်ဆည်မြို့နယ် အတွင်းရှိ အင်္ကုက္ကားကျေးရွာ ပျူစောထီးအထိုင်စခန်း၊ မုံရွာမြို့နယ် အတွင်းရှိ ကျောက်ကြီးတောင် တာဝါတိုင်အထိုင် စခန်း၊ ဗောဓိတစ်ထောင် ရုပ်မြင်သံကြား အသံလွှင့်ရုံ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ခင်ဦးမြို့နယ် အတွင်းရှိ မဒေါင်းလှပျူစောထီးစခန်း၊ ယင်းမာပင် မြို့နယ် အတွင်းရှိ ယင်းမာပင် ရဲစခန်း၊ ပုလဲမြို့နယ် အတွင်းရှိ ပုလဲ ရဲစခန်း၊ အင်မထီးပျူစောထီးစခန်း၊ ဇီးဖြူကုန်း ပျူစောထီး စခန်း၊ ကန်ဒေါင့်ရဲစခန်း၊ မြောင်မြို့နယ် အတွင်းရှိ ကျောက်ရစ်ရဲစခန်းနှင့် ရွှေဘိုမြို့နယ် အတွင်းရှိ ပန်းလှိုင် ကျေးရွာ ပျူစောထီးအထိုင်စခန်းတို့ကို PDF တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄၄ ဦး သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်ထံမှ လက်နက်ငယ်များ၊ ကျည်ဆံများနှင့် စစ်တပ် အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်ဟု သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်တပ်ရင်းများ၊ ကောလင်းခရိုင် တပ်ရင်း များ၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ မုံရွာခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင်တပ်ရင်းများ၊ မြင်းခြံခရိုင် တပ်ရင်း များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြောင်)၊ (ခင်ဦး)၊ (မုံရွာ)၊ (ကောလင်း)၊ (ကန့်ဘလူ)၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (ခင်ဦး)၊ ကျေးရွာ တပ်ပေါင်းစု (Myaung)၊ ရွှေညာမြေတပ်ပေါင်းစု၊ ပုလဲမြို့နယ် တော်လှန်ရေး အင်အားစုများ၊ Chindwin Toe Na Yar PDF၊ Real Hero၊ သခင်ဒေါင်းညို၊ Jungle Hunter revolution Forceနှင့် ဒေသကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသ၊ သက်ဆိုင်ရာခရိုင်ကွပ်ကဲရေးအဖွဲ့များ၏ ကွပ်ကဲမှုဖြင့် လုပ်ဆောင်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article