30 C
Yangon

ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံရွာစာသင်ကျောင်းတွင်တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက် ခိုက်မှု စစ်သား ၃ ဦး အပြင်း အထန်ဒဏ်ရာရ

Must read

ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံရွာစာသင်ကျောင်းတွင်တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက် ခိုက်မှု စစ်သား ၃ ဦး အပြင်း အထန်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ် သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အ ကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ကျောက်လှေကားဂိတ်၊ GTC ဂိတ်နှင့် အထည်ချုပ်စက်ရုံတို့ကြားတွင် တည်ရှိပြီး အကြမ်းဖက် စစ်သား ၁၅ ဦးခန့် ဖြင့်တပ်စွဲထားရာ စခန်းကိုသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက် နက် ခဲယမ်းလိုအပ်ချက်ဖြစ်ပေါ်ခဲ့သဖြင့် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“၁၅ မိနစ်လောက်ပဲကြာတယ်၊ နောက်ထပ် ၁၀ မိနစ်လောက်သာထပ်ပစ်နိုင်ရင် စခန်းကို သိမ်းနိုင်မှာ၊ အဓိကကတော့ ကျည်မလောက်တာရယ်၊ သူတို့စစ် ကူလာတဲ့လမ်းကြောင်းကို မဖြတ်တောက်နိုင်တာ ရယ်ကြောင့်၊ ပြီးတော့ GTC ဂိတ်နဲ့ဆိုရင် လှမ်းခေါ်ရင်တောင်ကြားနိုင်တဲ့နေရာ၊ စစ်ခွေးတွေက ရွာသူ ရွာ သား တွေကို ကင်းစောင့်ခိုင်းတာ၊ ခြိမ်းခြောက်တာတွေရှိတယ်” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များဖြစ်သည့် Pakokku People Defense Force ၊ Earthquake People Defense Force ၊ Young Force – UG ၊ PKU Ranger ၊ Young Force – UG တပ်ခွဲဖြစ်သော Thu Rein တပ်ခွဲ(TR) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်တပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article