28 C
Yangon

KNU ထိန်းချုပ်နယ်မြေအတွင်း ဇန်နဝါရီလတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၃၇ ဦးသေဆုံး၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီ ၁၅ ရက်အတွင်း စစ်သား ၂၈ ဦးသေဆုံး

Must read

KNU ထိန်းချုပ်နယ်မြေအတွင်း ဇန်နဝါရီလတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၃၇ ဦးသေဆုံး၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီ ၁၅ ရက်အတွင်း စစ်သား ၂၈ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

KNU ထိန်းချုပ်နယ်မြေရှိ တိုက်ပွဲများတွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီဘက်မှ ၃၃၇ ဦးသေဆုံးပြီး KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီ ၁၅ ရက်အတွင်း စစ်သား ၂၈ ဦးသေဆုံးကြောင်း KNLA ဌာနချုပ်နှင့် KNU တပ်မဟာ ၅ မူတြော် သတင်းစဉ်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် KNU/ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၃၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၃၃၇ ဦးသေဆုံးကာ ၂၈၀ ဦးဒဏ်ရာရရှိကြောင်း၊ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၄ ဦးတိုင်းပြည်နှင့်လူမျိုး အတွက် အသက်ပေးလှူခဲ့ရကြောင်း၊ ၇၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကျဆုံးဒဏ်ရာရရှိသူများတွင် PDF တပ်ဖွဲ့ ဝင်များ ပါဝင်ကြောင်း KNLA ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော်သူးလေအုပ်ချုပ်နယ်၊ KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်း ဖေဖော်ဝါရီလ လ ဝက်အတွင်း တိုက်ပွဲပေါင်း ၉၁ ကြိမ်ဖြစ်ကာ စစ်သား ၂၈ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ ၅ ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း အကြမ်းဖက်စစ်တပ်နှင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင် တို့အကြား ရင်ဆိုင်တိုက်ပွဲပေါင်း ၉၁ ကြိမ်တွင် အကြမ်း ဖက်စစ်တပ်မှ စစ်သား ၂၈ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိပြီး KNLA တပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စု၊ တာဘောကော်ဒဲနေ အပြစ်မဲ့ရွာသား စောမောင်နူးကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သုံးရဟတ်ယာဉ်ဖြင့် ကျေးရွာများ၊ စာသင်ကျောင်းများ၊ လယ်ယာ များ၊ တောင်ယာလုပ် ငန်းခွင်များအတွင်း ဗုံးသီး အလုံး ၄၀ ကြဲချတိုက်ခိုက်ခဲ့ပြီး မြေပြင်ခြေလျင်တပ်ဖွဲ့က လည်း လက်နက်ကြီး ၁၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်း၊ လူနေအိမ် ၊ ဧည့်ရိပ်သာ စုစု ပေါင်း ၂၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဆန်သိုလှောင် စပါးကျီ ၃ လုံး၊ ဈေးရောင်းဆိုင် ၃ ဆိုင်၊ မော်တော် ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ လယ်ထွန်စက် ၄ လုံး၊ စပါးကြိတ်စက် ၁ လုံး၊ အင်တာနက် ဝိုင်ဖိုင် ၁ ခု၊ မီးစက် ၁ လုံးနှင့် အိမ်ထောင် ပရိဘောဂ ပစ္စည်းများ၊ ကုန်စုံပစ္စည်းများနှင့် အခြေခံစားသောက်ကုန်အများအပြား ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင် ၁ ဦး။

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article