32 C
Yangon

မြင်းမူ၊ မန္တလေးတွင် ပြည်သူ ၃ ဦးကို စစ်တပ်က ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်၊ စစ်တပ်က သံသယဖြင့် ပစ်ခတ် သတ်ဖြတ်မှုများ ဆက်တိုက် လုပ်လာ

Must read

မြင်းမူ၊ မန္တလေးတွင် ပြည်သူ ၃ ဦးကို စစ်တပ်က ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်၊ စစ်တပ်က သံသယဖြင့် ပစ်ခတ် သတ်ဖြတ်မှုများ ဆက်တိုက် လုပ်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

အကြမ်းဖက် စစ်တပ်က သံသယဖြင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ များပြားလာပြီး မြင်းမူမြို့နယ်၊ မန္တလေးမြို့နှင့် တွံတေးမြို့နယ်တို့တွင် အပြစ်မဲ့ ပြည်သူ ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

မြင်းမူမြို့ပေါ်တွင် ဆိုင်ကယ်ဝပ်ရှော့ပြင်သူနှင့် ပြည်သူ ၂ ဦးကို ပစ်သတ်

======================================================

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်း ဆိုင်ကယ်ဝပ်ရှော့ပြင်သူ ၁ ဦးကို စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ရာမှာ ဆေးကုသရင်း သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။

“ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့ လိုက်ပစ်တယ်။ ဆိုက်ကယ်ဝပ်ရှော့ဆရာနဲ့ သူငယ်ချင်းက ၂ ဦးစီးလာတာ။ အဲဒါ ကျည်ထိပြီးတော့ ဆိုက်ကယ်ဝပ်ရှော့ဆရာကို မြင်းမူဆေးရုံသို့ပို့ဆောင်ပေးပြီး အခြားပြည်သူတစ်ဦး ကိုမန္တလေးဆေးရုံပို့ရတယ်။ ဆိုင်ကယ်ဝပ်ရှော့ဆရာကတော့ မြင်းမူဆေးရုံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီ ဆုံးပါတယ်။ မန္တလေးဆေးရုံပို့ရတဲ့ ပြည်သူကလည်း ဆုံးပါတယ်” ဟု မြင်းမူဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက မြင်းမူမြို့ပေါ်တွင် ဆိုင်ကယ်အတွင်း လက်ပစ်ဗုံးများ တွေ့ရှိရသည်ဟု သတင်းမှား ဖြန့်ချိကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကို ဖုံးကွယ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မန္တလေးတွင် ရှမ်းခေါက်ဆွဲပိုင်ရှင်ကို သံသယဖြင့် ဖမ်းဆီး‌ပြီး အလောင်းသာပြန်ပေး

==========================================

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ရွှေဘုန်းရှိန် ရပ်ကွက် ရာအိမ်မှူး ဇော်ဝင်းထွန်း ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ရွှေဘုန်းရှိန် ရပ်ကွက်ရုံးနားတွင် ဖွင့်လှစ်ထားသော အန်တီခိုင် ခေါက်ဆွဲပိုင်ရှင် ဦးအောင်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ရွှေဘုန်းရှိန် ရပ်ကွက် ရာအိမ်မှူး‌ ဇော်ဝင်းထွန်း ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီအချိန် ၄၄လမ်း ၈၁×၈၂ အကြား ဘုရားကြီးစျေး ရွှေဘုန်းရှိန် ရပ်ကွက်ရုံးအနီးတွင် ဖွင့်လှစ်ထားသော “အန်တီခိုင် ရှမ်းခေါက်ဆွဲဆိုင်” ပိုင်ရှင် ဦးအောင်ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ည ၉ နာရီအချိန်တွင် ဦးအောင်၏ အလောင်းကို စစ်တပ်က လာယူရန် ပြောဆိုခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် ရွှေဘုန်းရှိန်ရပ်ကွက်ရုံးအနီးရှိ အထည်ဆိုင်တစ်ခုမှာ ကိုထိုက်ဆိုသော လူငယ် အပါအဝင် ပြည်သူ ၄ ဦးကိုလည်း စစ်တပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ သတင်းအစအန မရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့သော အကြမ်း ဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article