30 C
Yangon

အရာတော်၊ နမသင်း အရှေ့ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးကာ စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး

Must read

အရာတော်၊ နမသင်း အရှေ့ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးကာ စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နမသင်း အရှေ့ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အရာတော်မြို့နယ်၊ နမသင်း အရှေ့ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက် စီးနင်းစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က သေဆုံးသွားသော စစ်သား အလောင်းများကို ပြည်သူပိုင် နေအိမ်များထဲသို့ ထည့်ကာ ရွာကို မီးရှို့ဖျက်ဆီးသွား​ကြောင်း သိရှိရသည်။

“မနေ့ကတည်းက ဖောကား ၂ စီး နဲ့ ကျောက်ပျောက် ဘက်က စစ်ခွေးတွေ ရောက်လာတည်းက ရွာထဲကနေ ပြည်သူတွေက ပြေးကြတာပါ။ နမသင်း အရှေ့ရွာကို စစ်ခွေးတွေက ဒုတိယ အကြိမ် မီးဝင်ရှို့ တာ ပကဖ က ခံပစ်လို့ စခ ၄ ယောက် အရင်သေတယ်။ မီးထဲ ထည့်ရှို့ ပစ်တယ်။ နောက်ထပ် ၅ ယောက် သေတယ်။ နမသင်း အရှေ့ရွာကတော့ ရွာလုံးကျွတ်ပြာကျမယ့် အခြေအနေပဲ တိုက်ပွဲ အတွင်းမှာ စစ်ခွေး ၉ ကောင်သေပြီး ပကဖ ၁ ဦး ဒဏ်ရာရတယ်လို့သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article