28 C
Yangon

အင်းတော်နှင့် ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

အင်းတော်နှင့် ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Indaw Revolution-IR အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန့်ခန့်တွင် အင်းတော်မြို့ တောင်ဘက် ရိက္ခာကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့​သောကြောင့် မိုးယူရွာနှင့် ကျော်ရွာတို့ကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်တပ် ပစ်ခတ်မှုကြောင့် ကျော်ရွာမှ အသက် ၇၈ အရွယ်အဖွားအို ၁ ဦး၊ အသက်၂၄ နှစ်အရွယ်နှင့် အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး၊ မိုးယူရွာမမှ အသက်၄၀အရွယ် အမျိုးသမီး ၁ ဦးတို့ ခြေတောက်၊ ကျော၊ ခေါင်းနှင့် လည်ပင်းတို့၌ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မိုးယူရွာမှ နေအိမ် ၁ လုံးနှင့် ကျော်ရွာမှ နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် ခင်ဦးမြို့နယ် အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများက အင်းပတ်ကျေးရွာအတွင်း ၆၀ မမများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၆၀ ကျော် အဖွားအို ၁ ဦးနှင့် အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦးတို့ ကျည်ထိမှန် ခဲ့ကြောင်း Khin U Specialforce Organization KSO အဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article