39 C
Yangon

အရာတော်မြို့နယ်တွင် PDF တပ်ဖွဲ့များ ခုခံတိုက်ခိုက်နေသော မင်းကျေးရွာကို ရဟတ်ယာဥ်ဖြင့် ထိုးစစ်ဆင်ပြီး ရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

အရာတော်မြို့နယ်တွင် PDF တပ်ဖွဲ့များ ခုခံတိုက်ခိုက်နေသော မင်းကျေးရွာကို ရဟတ်ယာဥ်ဖြင့် ထိုးစစ်ဆင်ပြီး ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာကို အကြမ်းဖက် စစ်တပ်က ရဟတ် ယာဥ်ပါ အသုံးပြုပြီး ထိုးစစ်ဆင်ကာ ရွာကို စီးနင်း မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အရာတော်မြို့နယ် မင်းရွာကို အင်အား ၂၀၀ ကျော်ဖြင့် အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ပြီး ကျေးရွာကို ဝင်ရောက် စီးနင်းသော်လည်း PDF တပ်ဖွဲ့များခုခံ တိုက်ခိုက်မှုကြောင့် ဝင် ရောက် စီးနင်းနိုင်ခြင်း မရှိဘဲ ညနေပိုင်းတွင် အကြမ်းဖက် အကြမ်းဖက် စစ်တပ် က တိုက်ခိုက်ရေး ရဟတ်ယာဥ်များပါ အသုံးပြုပြီး ထိုးစစ်ဆင်ကာ ရွာကို စီးနင်း မီးတင်ရှို့နေကြောင်း သိရသည်။

” မင်းရွာ က နမသင်း ရဲ့ တောင်ဘက် ၃ မိုင်မှာရှိတယ်။ နမသင်း တစ်ရွာလုံး တောင်ဘက်က မင်းရွာထဲ ဝင်ပြေးတယ်။ နမသင်းအရှေ့ရွာ နဲ့ မင်းရွာ တို့က အရာတော် – ထီးဆောင်းလမ်းပေါ် ရှိတယ်။ စက အင်အား ၂၀၀ ကျော်က နံနက်ကတည်းက မင်းရွာ ကို ဝင်ရှို့ဖို့ လုပ်တာ ဝင်မရတော့ လေကြောင်း နဲ့ ဝင်ရှို့ တာ အခု မင်းရွာ မီးတင်ရှို့ခံရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article