37 C
Yangon

မိတ္တီလာ လေတပ်စခန်းဌာနချုပ်တွင် လက်နက်နှင့်ရိက္ခာသယ်သည့် Y 12 အမောင်းသင်လေယာဉ် မတော်တဆမှုဖြစ်ပွား

Must read

မိတ္တီလာ လေတပ်စခန်းဌာနချုပ်တွင် လက်နက်နှင့်ရိက္ခာသယ်သည့် Y 12 အမောင်းသင်လေယာဉ် မတော်တဆမှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်း၊ မိတ္တီလာ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်တွင် ယနေ့ မွန်းလွဲပိုင်း လက်နက်နှင့် ရိက္ခာများ သယ်ဆောင်ရာတွင် အသုံးပြုသည့် Y 12 အမောင်းသင်လေယာဉ် မတော်တဆမှု ဖြစ်ပွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် Y 12 အမောင်းသင် လေယာဉ် လေယာဉ်အမှတ် 4508 သည် လေယာဉ်ပြေးလမ်းတွင် ရှေ့ဘီး (Nose Wheel) ကျိုး ပြီး မတော်တဆဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ လေယာဉ် သည် Transport အမောင်းသင်ဖြစ်ပြီး စစ်ဆင်ရေးများတွင်လည်း လက်နက် နှင့်ရိက္ခာ များ သယ်ယူ ပို့ဆောင်ကြောင်း သိရှိရသည်။

လေယာဉ်မတော်တဆမှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ လေယာဉ် ထိခိုက်ပျက်စီးမှု အနည်းငယ် ဖြစ်ပေါ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီ၏ Y 12 အမောင်းသင်လေယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article