33 C
Yangon

မော်လမြိုင်နှင့်သံဖြူဇရပ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လ၀ကရုံးများတွင် မိုင်းပေါက်ကွဲပြီး ရုံးတချို့ ပြိုကျ ပျက်စီး

Must read

မော်လမြိုင်နှင့်သံဖြူဇရပ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ လ၀ကရုံးများတွင် မိုင်းပေါက်ကွဲပြီး ရုံးတချို့ ပြိုကျ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးများ၊ လူဝင်မှုကြီ းကြပ်ရေးရုံး(လ၀က)များတွင် မိုင်းပေါက်ကွဲမှု များဖြစ် ပေါ်ပြီး ရုံးတချို့ ပြိုကျပျက်စီးသွားကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန် မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ်၊ ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ချိန်ကိုက်မိုင်း တစ်လုံးပေါက်ကွဲခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လုံး၀ ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီနှင့် ည ၁၀ နာရီအချိန် မော်လ မြိုင် မြို့ပေါ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မော်လမြိုင်မြို့နယ် လဝက ရုံး ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မိုင်းပေါက်ကွဲမှုကြောင့် ယနေ့ ပြိုကျပျက်စီးသွားသော သံဖြူဇရပ်မြို့ နယ်၊ ကျောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article