39 C
Yangon

ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက် ဒဂုံတို့တွင် ပစ်ခတ်မှုများနှင့် ဗုံးများ ပေါက်ကွဲပြီး လူငယ်များကို စစ် တပ်က အကြောင်းမဲ့ ဖမ်းဆီးနေ

Must read

ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက် ဒဂုံတို့တွင် ပစ်ခတ်မှုများနှင့် ဗုံးများ ပေါက်ကွဲပြီး လူငယ်များကို စစ် တပ်က အကြောင်းမဲ့ ဖမ်းဆီးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင် ဥက္ကလာ၊ မြောက်ဒဂုံတို့တွင် ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုများဖြစ်ပွားကြောင်း ဒေသပြည် သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန် ကြည့်မြင် တိုင် မြို့ နယ်၊ မကျည်းတန်းမြောက် အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၊ ကျောက် တံ တား သမ္ဗာန်ကူးတို့ဆိပ်တွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်ပြီး ကမ်းနား လမ်း ပေါ်တွင် ဖောက်ခွဲ ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းတွင် သွားလာနေသော အပြစ် မဲ့ လူငယ် ၃ ဦးထက်မနည်းကို စစ်တပ် မသင်္ကာမှုဖြင့် ဖမ်းဆီး သွား ကြောင်း သိရှိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် မြောက် ဥက္ ကလာ ပ မြို့နယ် ခန်းမအနီး၊ သန္တာလမ်းရှိ င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံး ပစ် တိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရှိရသည်။

“မြောက်ဥက္ကပ မြို့နယ် မြို့နယ်ခန်းမအနီး ဒီနေ့ မွန်းလွဲ ၃ နာရီဝန်းကျင် င ရပ် ကွက် ရုံးမှာ ဗုံးပေါက်တယ်။ ပေါက်တဲ့အသံက အရမ်းကိုကျယ်တာ။ သန္တာ လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဖြစ်တာ။ အဲဒါပြီးတော့ ရပ်ကွက်ရုံးထဲက အကုန် ပြေးထွက်လာကြတာ။ ခဏနေကျတော့ စစ်တပ်နဲ့ရဲတွေတော့ ရောက် လာတယ်။ သူတို့ပြန်သွားပြီးတော့ ရုံးပြန်မဖွင့်တော့ဘူး” ဟု ဒေသပြည်သူ တစ်ဦး က ပြောဆိုသည်။

အလားတူ ယနေ့ ၉ နာရီ ၁၀ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်တွင် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။

ထို့ပြင် ယနေ့ ည ၉ နာရီခွဲဝန်းကျင်အချိန် လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက် ကွဲသံ နှင့်သေနတ်သံများကြားရပြီး သေနတ်သံမှာ လှိုင်သာမြို့နယ်၊ စနေမ မှတ်တိုင်အနီးတွင် အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး ၂ ဦးကို ပစ်ခတ် သွားခြင်း ဖြစ်ကြောင်း ကင်းထောင်သတင်းများတွင် ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် လှိုင်သာယာ ပစ်ခတ်မှုဖြစ်စဉ်ကို ဆက်လက် အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၄၃ မိနစ်အချိန် တာမွေ မြို့နယ်တွင် ဗုံးပေါက်ကွဲကြောင်း ရန်ကုန်ကင်းထောက် အဖွဲ့ Eagle News ကသတင်းဖော်ပြသည်။

စစ်တပ်က လူငယ်များကိုလည်း အကြောင်းမဲ့ ဖမ်းဆီးလျက်ရှိရာ ယနေ့တွင် လှိုင်မြို့နယ်မှ လူငယ် ၄ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူ ပြည်သူများက ပြောသည်။

“လှိုင်-အင်းစိန်လမ်း သံလမ်းကားမှတ်တိုင်နဲ့ ဗဟိုလမ်းသံလမ်းကားမှတ် တိုင် အကြားမှရှိတဲ့ လမ်းကြားမှာ လူငယ် ၄ ယောက်ကိုစစ်တပ်က ၀င်ဖမ်းတယ်။ လှိုင်မြို့နယ်ဘက်မှာ ၂ ရက်ရှိနေပြီ။ လူငယ်တွေကို ဖမ်းနေတာ” ဟု လှိုင် မြို့ နယ် သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ယနေ့ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညပိုင်း မြောက်ဒဂုံ၊ တောင်ဥက္ကလာပ နှင့် မြောက်ဥက္ကလာပတို့တွင် သေနတ်သံများကြားရကြောင်း ပြည်သူများက ပြောသည်။

ယနေ့ ည ၁၀ နာရီ ၅၁ မိနစ်အချိန် မြောက်ဒဂုံ နာရီစင်အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ခဏအကြာတွင် လူနာတင်ကားများ၊ စစ်ကားများ ရောက်ရှိ လာကြောင်း၊ ညအချိန်ဖြစ်၍ အပြင်မထွက်ရဲကြသဖြင့် အခြေအနေ အသေး စိတ် ကို မသိရှိရသေးကြောင်း ဒေသပြည်သူများ နှင့်ကင်းထောက် သတင်း များအရ သိရှိရသည်။

“အဲဒီနားမှာ ပြည်သူတွေကိုတော့ အော်ဟစ်ဆဲဆို ရိုက်နှက်တာတွေ ကြား ရတယ် လို့ အနားမှာနေတဲ့သူတွေ က ပြောတယ်”မြောက်ဒဂုံမှ ဒေသပြည်သူ တစ်ဦးက ပြောသည်။

တောင်ဥက္ကလာပနှင့် မြောက်ဥက္ကလာပတို့တွင် ည ၁၀ နာရီ ၅၀ မိနစ်အချိန် သေနတ်သံများကြားရပြီး လူနာတင်ကားအသံများလည်း ကြားရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်ရှိ လမ်းဆုံလမ်းခွတစ်ခုတွင် တည်ဆောက်ထားသော နှစ်ထပ် ဘန်ကာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article