28 C
Yangon

ကျိုက်ထိုမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦး သတ်ဖြတ်ခံရမှု တော်လှန် ရေး အင်အားစုနှင့် လုံး၀ မသက်ဆိုင်၊ စစ်တပ် နှင့်လက်အောက်ခံ ပျူစောထီးများက လူသတ်ပြီး PDF အပေါ် အပြစ်ပုံချ ဝါဒဖြန့်မှုများ ဆက်တိုက်လုပ်လာ

Must read

ကျိုက်ထိုမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦး သတ်ဖြတ်ခံရမှု တော်လှန် ရေး အင်အားစုနှင့် လုံး၀ မသက်ဆိုင်၊ စစ်တပ် နှင့်လက်အောက်ခံ ပျူစောထီးများက လူသတ်ပြီး PDF အပေါ် အပြစ်ပုံချ ဝါဒဖြန့်မှုများ ဆက်တိုက်လုပ်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းကျေးရွာအုပ်စု၊ တကေး ချောင်း ဖျားကျေးရွာ၊ အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမ ကြီး ဒေါ်နွယ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်သည် တော်လှန်ရေး အင် အားစုများနှင်ပတ်သက်မှုမရှိကြောင်း ကျိုက်ထိုတော်လှန် ရေးအင်အားစု (KRF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ကျိုက်ထိုမြို့နယ်၊ကင်းမွန်းချောင်းကျေးရွ ာအုပ်စု အမက(တကေးချောင်းဖျားရွာ)မှ ကျောင်း အုပ် ဆရာမကြီး ဒေါ်နွယ်ဦးကို လူ ၄ ဦးက လာရောက် ဖမ်းဆီးသွားပြီး သတ် ဖြတ်သွားကြောင်း၊ ကျောင်းအုပ်ဆရာမကြီး ၏ အလောင်းကို ပြန်လည် တွေ့ ရှိရ ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်ကို စစ်တပ်လော်ဘီ တယ်လီဂရမ်များတွင် PDF များ၏ လက်ချက် ဟု စွပ်စွဲ ပြောဆိုမှုများ တောက် လျှောက်ဆိုသလိုရှိနေပြီး အမှန်တကယ် လက် တွေ့တွင် PDF တော်လှန်ရေးအင်အားစုများ နှင့်ပတ်သက်မှု မရှိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်နွယ်ဦး ဖမ်းဆီး အသတ်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်တပ် လော်ဘီ Telegram channel တွေမှာ KRF (ကျိုက်ထို တော်လှန်ရေးအင်အားစု) က ဖမ်းဆီးသတ်ဖြတ်တယ်လို့ တော်လှန်ရေး သမား တွေအပေါ် အထင်အမြင်လွဲမှားစေအောင် ရည်ရွယ်ချက်ရှိရှိ မဟုတ် မမှန် ရေးသားဖြန့်ဝေနေပါတယ်။ ကျနော်တို့ KRF(ကျိုက်ထိုတော် လှန်ရေး အင်အားစု) အနေနဲ့ ဆရာမကြီး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ လုံးဝ (လုံးဝ) သက် ဆိုင်ခြင်း မရှိပါဘူးဆိုတာ ပြည်သူလူထုကို အတိအလင်း အသိပေး အပ်ပါတယ်။ ကျောင်းအုပ်ဆရာမ ဒေါ်နွယ်ဦး ဖမ်းဆီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်အပေါ် KRF (ကျိုက်ထိုတော်လှန် ရေးအင်အားစု)အနေနဲ့ ပြင်းပြင်း ထန် ထန် ကန့် ကွက် ရှုချပါတယ်” ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) မှ တာဝန်ရှိ သူက ဆက်ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ ပျူစောထီးများက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ် သာရပ်ကွက်၊ မေဃ၀တီ ၄ လမ်း၊ မြို့ကြီး ကုန်းဘက်တွင် အသက် ၃ နှစ် အရွယ် ကလေး ငယ် တစ်ဦး အပါအဝင် မိသားစုဝင် ၅ ဦး ကိုပစ်သတ်ခဲ့ပြီး PDF က သတ်ဖြတ် သည် ဟု တယ်လီဂရမ်များတွင် ပထမဦးဆုံး ဝါဒမှိုင်းသတင်းများ ဖြန့်ခဲ့ကြ သည်။

“လှည်းကူး ကိစ္စဆိုရင်လည်း သူတို့က အရင်သတ်တယ်။ ပြီးတော့ အသက် ၃ နှစ်အရွယ် ကလေးပါ PDF သတ်တယ်ဆိုပြီး ပထမဦးဆုံး ဝါဒဖြန့်တယ်။ နောက် တော့မှ အမှန်တရားပေါ်လာတယ်။ အသတ်ခံရတာက PDF တစ်ဦးရဲ့ ကလေး၊ မိန်းမနဲ့ ယောက္ခမ မိသားစုဖြစ်နေတယ်။ ပျူစောထီးက သတ်တာ ပေါ်လွင်သွားတယ်။ အခုလည်း ကျိုက်ထိုမှာ ကျောင်းအုပ်ဆရာမကြီး တစ်ဦး ကို သတ်ပြီး PDF က သတ်တယ်ဆိုပြီး အပြစ်ပုံချတယ်။ တကယ်တော့ ဘာ သက်သေ မှလည်းမရှိဘူး။ PDF ကို အကြမ်းဖက် လူသတ်အဖြစ် ပုံဖော်ဖို့ စစ်တပ်နဲ့ပျူစောထီးတွေက လူသတ်မှုတွေ ရက်ရက်စက်စက် ကျူးလွန်ပြီး ရည်ရွယ်ချက်ရှိရှိ ပုံဖျက်လာတာကို မြင်ရတယ်” ဟု ရန်ကုန် အခြေစိုက် စစ် အာဏာရှင် တော်လှန်ရေး UG တစ်ဦးက သုံးသပ်ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလမှစတင်ပြီး လက်နက်ကိုင်ဆောင်ခွင့် ပြုလိုက်ပြီး စစ်တပ် ထောက် ခံသူများ၊ ကြံ့ဖွတ်များ၊ စစ်မှုထမ်းဟောင်းများ၊ ပျူစောထီးများ၊ မဘသ၊ အမျိုးသားရေးသမားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ကို သေနတ်များလိုင်စင်များ ချထားပေးခြင်း၊ လက်နက်တပ်ဆင် ခြင်း များ ကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article