ရွှေဘိုမြို့နယ်ရှိ NUG အစိုးရ ဖွင့်လှစ်ထားသော စာသင်ကျောင်းများကို ၂၂၂၂၂ ပြည်ပထောက်ပို့အဖွဲ့က စာရေးကိရိယာများ လှူတန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ NUG အစိုးရ ဖွင့်လှစ်ထားသော စာသင် ကျောင်းများကို ၂၂၂၂၂ ပြည်ပထောက်ပို့အဖွဲ့က စာရေးကိရိယာများ လှူတန်း ခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ မလေးရှားနိုင်ငံအခြေစိုက် ၂၂၂၂၂ ပြည်ပ ထောက်ပို့ အဖွဲ့က တိုင်းပြည်အတွက် ပညာရေးဟာလဲအဓိက ကြတာလို့ လှူတန်းမှုတွေ လုပ်ဆောင်ခဲ့တာပါ” ဟု ထောက်ပို့အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။



