33 C
Yangon

မန္တလေး သပိတ်အင်အားစုများ ဦးဆောင်ကာ နိုင်ငံရေး အကျဥ်းသားများအပေါ် နှိပ်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး လှုပ်ရှားမှု ပြုလုပ်

Must read

မန္တလေး သပိတ်အင်အားစုများ ဦးဆောင်ကာ နိုင်ငံရေး အကျဥ်းသားများအပေါ် နှိပ်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မန္တလေး သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် “သံတိုင်ကြားက တိုင်ကြားမရတဲ့ အကျဥ်းသားဖိနှိပ်မှုချက်ခြင်းရပ်” ခေါင်းစဥ်ဖြင့် နိုင်ငံရေး အကျဥ်းသားများအပေါ် နှိပ်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေး အိုးဘိုထောင်တွင်းရှိ အမျိုးသမီး နိုင်ကျဥ်းများကို ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့က အင်အား အများပြားဖြင့် တံခါးပိတ်ပြီး ကျင်စက်များ လေးဂွများဖြင့် နှိပ်စက်မှု များဖြစ်ပွားခဲ့ပါ​ကြောင်း၊ ယင်းသို့ နှိက်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကို စိတ်ကြိုက် ကျူးလွန်ခွင့် ပေးထားသော လုပ်ရပ်များဖြစ်သည် စစ်တပ်က မတရားသည့် ဥပဒေကိုသုံးပြီး မတရားသည့် လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေမဲ့ ပြုလုပ်မှုများသည် ထောင်တွင်း၌ အစဥ်တစ်စိုက် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုလုပ်ရပ်များအပေါ် မန္တလေး သပိတ်အင်အားစုများမှ ကန့်ကွက်သည့်အနေဖြင့် လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article