28 C
Yangon

Breaking News- လှည်းကူးတွင် အသက် ၃ နှစ် အရွယ် ကလေးငယ် အပါ အဝင် ပစ်သတ်ခံရသူ ၅ ဦးမှာ ကျောင်းဆရာ PDF ကိုဝင်းစိုး၏ မိသားစု ဝင်များဖြစ်၊ PDF ထောက်/ပို့လုပ်သည် ဟုဆိုကာ စစ်မှုထမ်း ဟောင်းနှင့် ပျူစော ထီးများက သတ်ဖြတ်သွားခဲ့

Must read

Breaking News- လှည်းကူးတွင် အသက် ၃ နှစ် အရွယ် ကလေးငယ် အပါ အဝင် ပစ်သတ်ခံရသူ ၅ ဦးမှာ ကျောင်းဆရာ PDF ကိုဝင်းစိုး၏ မိသားစု ဝင်များဖြစ်၊ PDF ထောက်/ပို့လုပ်သည် ဟုဆိုကာ စစ်မှုထမ်း ဟောင်းနှင့် ပျူစော ထီးများက သတ်ဖြတ်သွားခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယမန်နေ့ညပိုင်း အသက် ၃ နှစ်အရွယ် ကလေး ငယ် အပါအဝင် ပစ်သတ်ခံရသည့် မိသားစုဝင် ၅ ဦးမှာ ကျောင်းဆရာ လက်ရှိ PDF ကိုဝင်းစိုး၏ မိသားစုဝင်များဖြစ်ကြောင်း မိတ်ဆွေ အသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ် သာရပ်ကွက်၊ မေဃ၀တီ ၄ လမ်း၊ မြို့ကြီး ကုန်းဘက်တွင် မိသားစုဝင် ၅ ဦး ကို ပျူစောထီးများ ပစ်သတ်သွားခဲ့ကြောင်း၊ ပစ်သတ်ခံရသူများ ဒေါ်စန်းနွဲ့၊ သားဖြစ်သူ ဦးမောင်မောင်၊ သမီးဖြစ်သူ မဝင်းနွယ်၊ မဝင်းနွယ်၏ သား အသက် ၃ နှစ်အရွယ်ကလေးငယ်၊ အသက် ၈၅ နှစ်အရွယ် အဘိုးဦးအောင်မောင်းတို့ကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” အသတ်ခံရတာက ကျောင်းဆရာ ကိုဝင်းစိုး PDF ရဲ့ ယောက္ခမ မိသားစုပါ။ မဝင်းနွယ်က ကိုဝင်းစိုးရဲ့ဇနီး။ ကိုဝင်းစိုးရဲ့ သားလေး အသက် ၃ နှစ်အရွယ် ကလေးကိုပါ ပစ်သတ်သွားတာ။ လာသတ်သွားတဲ့ လူတွေက စစ်မှုထမ်း ဟောင်း နဲ့ပျူ စော ထီးဆိုတာ အတည်ပြုနိုင်ပါပြီ။ ဘယ်လို အတည်ပြုနိုင် လဲတော့ မမေးပါနဲ့။ အဘိုး ဦးအောင်မောင်းက သထုံကပါ ။ သထုံပြန်ဖို့ လုပ်နေတုန်း အပစ်ခံရတာ” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

” ဆုံးသွားတဲ့သူတွေမှာ အဘိုး ဦး​အောင်​မောင်း၊ မောင်လေး ကိုမောင်မောင်၊ ညီမငယ်က မိပိတ်(မဝင်းနွယ်)၊ အကြီး စန်းနွဲ့ တို့ပါ။ ပစ်သတ်ခံ လိုက်ရတဲ့ အထဲပါသွားတဲ့ အသက် ၃ နှစ်သားလေးက ကျောင်းဆရာ PDF ကိုဝင်းစိုးနဲ့ မိပိတ် တို့သားလေး။ တကယ်က ကျောင်းဆရာ PDF နဲ့ အကြီးစန်းနွဲ့တို့က အဆက် အသွယ် မရှိကြပါဘူး။ သူက အိမ်က သူထွက်သွားတာ ၂နှစ် ကျော်ရှိ နေပြီ။ အခုနောက်ဆုံး ဘေးပတ်ဝန်းကျင်ကလည်း စစ်မှုထမ်းဟောင်း၊ ပျူစောထီး တွေ ပစ်သတ် သွား တယ်ဆိုတာ အတည်ပြုပါတယ်။ ဒီဘက်ကလည်း ပျူစောထီးတွေ သတ်တယ် ဆိုတာ အတည်ပြုနိုင်တယ်” ဟု ဆွေမျိုးနီးစပ်တစ်ဦးက ပြောဆိုသည်။

စစ်မှုထမ်းဟောင်းနှင့်ပျူစောထီးများက လာရောက်သတ်ဖြတ်ချိန်တွင် ကျောင်းဆရာ PDF မိသားစုဝင်များ ဟုတ်၊ မဟုတ် မေးမြန်း အတည်ပြုပြီးမှ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီထောက်ခံသော စစ်လော်ဘီများက ယမန်နေ့ညပိုင်း ပစ်ခတ်သတ်ဖြတ်မှု လုပ်ဆောင်ပြီးနောက် PDF က သတ်ဖြတ်သည်ဟုဆိုကာ သတင်းမှားများ၊ ဝါဒဖြန့်မှုများ ချက်ချင်း လုပ်ဆောင်ခဲ့ကြသည်။

ယနေ့တွင် လှည်းကူးမှ မိသားစုဝင် ၅ ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်သည် စစ်မှု ထမ်းဟောင်းနှင့် ပျူစောထီးများက PDF မိသားစု ဝင်များကို သတ်ဖြတ်သည့် လူသတ်ဖြစ်စဉ်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က အတည်ပြု ဖော် ထုတ်နိုင် ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article