29.4 C
Yangon

နေအိမ်အချုပ်ပြောင်းလဲ ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ခွင့်မရ ၊ ဥရောပသမဂ္ဂက ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆို

Must read

ရန်ကုန်၊ မေ ၃

အကြမ်းဖက်စစ်တပ်က နေအိမ်အချုပ်ပြောင်းလဲ ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က ယနေ့ တွေ့ခွင့်ရရှိရန် ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ကြောင်း ရှေ့နေအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်နေရာပြောင်းလဲသည့်အနေဖြင့် သတ်မှတ်နေအိမ်အချုပ်ပြောင်းလဲကြောင်း၊ ယင်းသို့ ပြောင်းလဲပြီးနောက် ရှေ့နေအဖွဲ့က ပုံမှန် ပါဆယ်ပို့သည့်နေ့ဖြစ်သော ယနေ့ တနင်္ဂနွေ နေ့တွင် တွေ့ခွင့်ရရှိရေး ကြိုးပမ်းမည်ဟု ကြိုတင် သတင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့ညနေပိုင်းအထိ တွေ့ခွင့်မရရှိကြောင်း သိရှိရသည်။

“ဒီနေ့တော့ ဘာသံမှကို မကြားရဘူး။ ဘာမှလည်း မသိရဘူး” ဟု ရှေ့နေအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်သည်ဆိုသော သတင်းမှတ်တမ်းများကို ဥရောပသမဂ္ဂ (EU) အနေဖြင့် သတိပြုမိကြောင်း၊ ၎င်း၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူရန် တိုက်တွန်းကြောင်း EU ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Anitta Hipper က ပြောကြားလိုက်သည်။

EU က မြန်မာစစ်တပ်ထံသို့ တောင်းဆိုမှုများ လုပ်ဆောင်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အပြည့်အဝ လေးစားလိုက်နာရန်၊ မိသားစုဝင်များနှင့်လည်းကောင်း၊ ဥပဒေအကြံပေး ရှေ့နေများနှင့်လည်းကောင်း ပုံမှန်တွေ့ဆုံခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုသည်။

အလားတူ အမေရိကန်၊ ဂျပန်၊ ကုလသမဂ္ဂ အပါအ၀င်နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ရန်ကုန်၊ မေ ၃

အကြမ်းဖက်စစ်တပ်က နေအိမ်အချုပ်ပြောင်းလဲ ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က ယနေ့ တွေ့ခွင့်ရရှိရန် ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ကြောင်း ရှေ့နေအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်နေရာပြောင်းလဲသည့်အနေဖြင့် သတ်မှတ်နေအိမ်အချုပ်ပြောင်းလဲကြောင်း၊ ယင်းသို့ ပြောင်းလဲပြီးနောက် ရှေ့နေအဖွဲ့က ပုံမှန် ပါဆယ်ပို့သည့်နေ့ဖြစ်သော ယနေ့ တနင်္ဂနွေ နေ့တွင် တွေ့ခွင့်ရရှိရေး ကြိုးပမ်းမည်ဟု ကြိုတင် သတင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့ညနေပိုင်းအထိ တွေ့ခွင့်မရရှိကြောင်း သိရှိရသည်။

“ဒီနေ့တော့ ဘာသံမှကို မကြားရဘူး။ ဘာမှလည်း မသိရဘူး” ဟု ရှေ့နေအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အခြားတစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်သည်ဆိုသော သတင်းမှတ်တမ်းများကို ဥရောပသမဂ္ဂ (EU) အနေဖြင့် သတိပြုမိကြောင်း၊ ၎င်း၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူရန် တိုက်တွန်းကြောင်း EU ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Anitta Hipper က ပြောကြားလိုက်သည်။

EU က မြန်မာစစ်တပ်ထံသို့ တောင်းဆိုမှုများ လုပ်ဆောင်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အပြည့်အဝ လေးစားလိုက်နာရန်၊ မိသားစုဝင်များနှင့်လည်းကောင်း၊ ဥပဒေအကြံပေး ရှေ့နေများနှင့်လည်းကောင်း ပုံမှန်တွေ့ဆုံခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုသည်။

အလားတူ အမေရိကန်၊ ဂျပန်၊ ကုလသမဂ္ဂ အပါအ၀င်နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article