36 C
Yangon

စစ်အာဏာရှင် အလိုကျ ဆောင်ရွက်နေသည့် ဖြိုးမင်းသိန်း၊ စန္ဒာမင်း ၊တိုးလွင်၊ ဝင်းမြင့်အောင်တို့ကို NLD မှ အပြီးအပိုင် ထုတ်ပယ်ကြောင်း ကြေညာ

Must read

စစ်အာဏာရှင် အလိုကျ ဆောင်ရွက်နေသည့် ဖြိုးမင်းသိန်း၊ စန္ဒာမင်း ၊တိုးလွင်၊ ဝင်းမြင့်အောင်တို့ကို NLD မှ အပြီးအပိုင် ထုတ်ပယ်ကြောင်း ကြေညာ

ရန်ကုန်၊ မတ် ၃

စစ်အာဏာရှင် အလိုကျ ဆောင်ရွက်နေသည့် ဖြိုးမင်းသိန်း၊ စန္ဒာမင်း၊ တိုးလွင်နှင့် ဝင်းမြင့်အောင်တို့ကို NLD မှ အပြီးအပိုင် ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက တရားဝင်သတင်းထုတ်ပြန်သည်။

အကြမ်းဖက်အာဏာလု စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီး၍ ပြည်သူလူထုနှင့် ကမ္ဘာကိုလှည့်စားရန်ကြံဆောင်နေချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ရပ်တည်ချက် တို့ကို ဆန့်ကျင်၍ လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်၍လည်းကောင်း စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထားကြောင်း NLD က ကြေ ညာသည်။

ထို့ပြင် NLD အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန်သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင် လုပ်ဆောင်နေသူများအား အရေးယူပေးရန် တင်ပြလာချက်များအရ ဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ စန္ဒာမင်း (ဗဟိုကော်မတီဝင်)၊ တိုးလွင် (ဗဟိုကော်မတီဝင်)၊ ဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)တို့ကို NLD ပါတီဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article