ရှမ်း-ကရင်နီအစပ်တွင် တိုက်ပွဲ ဖြစ်ပြီး စစ်တပ်ဘက်မှ တပ်ရင်းအလိုက် ပြုတ် သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများ သိမ်း ဆည်း ရရှိ၊ စစ်တပ်က လေ ကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ အဆက်မပြတ်ပစ်နေ
■ တိုက်ပွဲ ပြင်းထန်ပြီး နယ်မြေ မတည် ငြိမ်သေးဘဲ သက်ဆိုင်ရာ တပ်ဖွဲ့များက တရားဝင် သတင်းထုတ်ပြန်မည်
ရန်ကုန်၊ မတ် ၂၄
ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ်တွင် ယနေ့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ် ဘက်မှ တပ်ရင်းအလိုက် ပြုတ် သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများ အမြောက်အမြားသိမ်းဆည်းရရှိကြောင်း ကရင်နီစစ်ဘက်သတင်း ရင်းမြစ် တစ်ခုက ပြောသည်။
“ဒီနေ့ ဖြစ်တာက က ရှမ်း-ကရင်နီအစပ် ဘက်မှာ ချကြတာ။ ဘယ်နားတော့ အတိ အကျ မပြောတော့ဘူး ။ စစ်တပ်ဘက်က တပ်ရင်းလိုက်ကို ပြုတ်သွားတာ။ လေယာဉ်တွေနဲ့လည်း လာပစ်တယ်။ ကရင်နီတပ်ပေါင်းစုံ စုပေါင်းပြီး ဆော် နေကြတာ။ အခုက တိုက်ပွဲ အခြေအနေက ပြင်းထန်နေတယ်။ နယ်မြေလည်း မတည် ငြိမ် သေးဘူး။ သက်ဆိုင်ရာ အဖွဲ့တွေက တရားဝင် သတင်းထုတ် ပြန်ပါ လိမ့်မယ်။ အခုက လိုင်းပေါ်မှာ တင်နေတဲ့ ဓာတ်ပုံတွေက ဘယ်အဖွဲ့ ကတင် မှန်းမသိဘူး။ အဖွဲ့ ကများတော့” ဟု ကရင်နီ စစ်ဘက်သတင်းရင်းမြစ်က ပြော သည်။
လက်ရှိတွင် စစ်သားများ၏ အလောင်းများ၊ လက် နက် များရရှိထားသော ဓာတ် ပုံ များ၊ လက်နက်များကို တွေ့မြင်ရပြီး လုံခြုံရေးအရ နေရာအတိအကျကို ထုတ် ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း၊ သက်ဆိုင်ရာက တရားဝင် သတင်းထုတ်ပြန် မည်ဖြစ်ကြောင်း သိရှိရသည်။
KnIc ၏ ထုတ်ပြန်ချက်တွင်မူ ကရင်နီပြည်နယ် ဒေါတမကြီးတိုက်ပွဲအတွင်း ကရင်နီတပ်ပေါင်းစုက လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများ နှင့်တကွ သတင်းထုတ်ပြန်သည်။



