33 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၃၀၀ ကျော် ပြာကျခဲ့သည့် သမ္မာရိုးရွာမှ ပြည်သူ ၁၂၀၀ ကျော်အတွက် စားနိပ် ရိက္ခာများ လိုအပ်နေ

Must read

ဝက်လက်မြို့နယ်တွင် စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၃၀၀ ကျော် ပြာကျခဲ့သည့် သမ္မာရိုးရွာမှ ပြည်သူ ၁၂၀၀ ကျော်အတွက် စားနိပ် ရိက္ခာများ လိုအပ်နေ

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ မီးရှို့ ဖျက်ဆီး မှုကြောင့် နေအိမ် ၃၀၀ ကျော် ပြာကျခဲ့သည့် သမ္မာရိုးရွာမှ ပြည်သူ ၁၂၀၀ ကျော် အတွက် စားနိပ် ရိက္ခာများ လိုအပ်လျက်ရှိကြောင်း တမာရင်ခွင် လူမှုကူ ညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။

မတ်လ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ သမ္မာရိုးရွာကို အကြမ်းဖက် စစ်တပ် က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃၀၀ ကျော်နှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ပြာကျခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူ ၁၂၀၀ ကျော်သည် လက်ရှိချိန်တွင် စားနိပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

“၂၈ ရက်နေ့က သမ္မာရိုးကျေးရွာမှာရှိတဲ့ မီးဘေးသင့် ပြည်သူ ၁၂၀၀ ကျော်ကို ကျွန်တော်တို့ အဖွဲ့က စာနိပ်ရိက္ခာအတွက် ငွေကြေး ၇၂၅၀၀၀ ကျပ်တိတိကို သွားရောက်ကူညီခဲ့တယ်။ အဲက ပြည်သူတွေက အခုချိန်ထိ ကျွန်တော်တို့ အဖွဲ့ ကူညီတာ တစ်ခုပဲရှိသေးတယ်။ စားနိပ်ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်” ဟု တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဝက်လက်မြို့နယ်အတွင်းတွင် စစ်တပ်က ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ စစ်ကြောင်းများခွဲကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article