28 C
Yangon

စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ရန် အင်အားနှင့် စွမ်းဆောင်ရည် တိုးတက်ဖို့ လိုအပ်ပြီး တော်လှန်ရေးအပေါ် ယုံကြည်မှုအပြည့်ဖြင့် ဆက်လက် ပူးပေါင်း တိုက်ပွဲဝင်ကြရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဥက္ကဠ နိုင်ဇေယျ တိုက်တွန်း

Must read

ရန်ကုန်၊ မေ ၂၅

စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ရန် အင်အားကြီးထွားလာရန် လိုအပ်သလို စွမ်းဆောင်ရည် တိုးတက်လာရန်လည်း လိုအပ်ပြီး တော်လှန်ရေးအပေါ် ယုံကြည်မှုအပြည့်ဖြင့် ဆက်လက် ကူညီပံ့ပိုးပြီး ပူးပေါင်းတိုက်ပွဲဝင်ကြရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဥက္ကဠ နိုင်ဇေယျက တိုက်တွန်းထားသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့က ရာမညမွန်တပ်တော် (R.M.A) ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောဆိုကာ တိုက်တွန်းထားခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာ ကိုယ့်ကြမ္မာ ၊ ကိုယ်ဖန်တီးနိုင်သည့် မွန်ပြည် ပေါ်ထွန်းနိုင်မည် ဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်နှင့်အတူ ၎င်းကို အကာအကွယ်ပြုနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေတိုက်ဖျက်ရေးသည် တပ်တော်၏ ပထမ ဦးစားပေး လုပ်ငန်း ဖြစ်ကြောင်း အသိပေးထားသည်။

တပ်တော်အနေဖြင့် NMSP (AD) နိုင်ငံရေးစစ်ရေးကော်မတီ၏ နိုင်ငံရေးဦး ဆောင်မှုအောက်၌ တိုက် ပွဲဝင်သွားရမည် ဖြစ်ပြီး ဘဝတူ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့တော် လှန်ရေး တပ်ဖွဲ့များနှင့်လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ဆက်လက်အသိပေးထားသည်။

“စစ်အာဏာရှင်ကို အမြန်တိုက်ထုတ်နိုင်ဘို့အတွက် ရာမညမွန်တပ်တော်ကို အင်အားအရ ကြီးထွား လာဖို့ လိုသလို စွမ်းဆောင်ရည်လည်း တိုးတက်လာဖို့လည်း လိုတယ်။ ရာမညမွန်တပ်တော်ဟာ မွန် ပြည်သူပြည်သား များ အားကိုးယုံကြည်ရတဲ့တပ်တော်၊အနာဂတ်မွန်ပြည်ရဲ့တပ်တော် ဖြစ်လာဘို့ အတွက် ကျွန်ုပ်တို့အားလုံး ကြိုးစားတည်ဆောက်သွားရမှာ ဖြစ်တယ်။ ရာမညမွန်ပြည်ထွန်းရေး အ တွက် ကျနော်တို့ ရာမညမွန်တပ်တော်အနေနဲ့ မွန်ပြည်သူများနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွား မှာ ဖြစ်တယ်။အခက်အခဲစိန်ခေါ်မှုတွေကို စုစည်းမှုအား၊ ညီညွတ်မှုအား၊ကြံ့ခိုင်မှုအားနှင့် ကျော်လွှား သွားမှာ ဖြစ်တယ်။” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ဥက္ကဠ နိုင်ဇေယျက ပြော ဆိုသည်။

ထို့ကြောင့် လက်ရှိတော်လှန်ရေးတွင် အခက်အခဲမျိုးစုံကြားမှ ရာမညမွန်တပ်တော်ကို အကြံဥာဏ်၊ နည်းပညာ၊ငွေကြေး စသဖြင့် ဘက်ပေါင်းစုံပံ့ပိုးကူညီပေးနေသည့် ပြည်သူလူထုတစ်ယောက်ချင်းစီ တိုင်းကို အထူးပင် ကျေးဇူးတင် ရှိပါကြောင်း၊ တော်လှန်ရေးအပေါ် ယုံကြည်မှုအပြည့်နှင့် စစ်အာဏာ ရှင် စနစ် ချုပ်ငြိမ်းသည်အထိ တပ်တော်အား ဆက်လက်ကူညီပံ့ပိုးပါရန်နှင့် တပ်တော်နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ကြရန် အလေးအနက် တိုက်တွန်းထားသည်။

ရာမညမွန်တပ်တော် (R.M.A) ကို မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်MNLA-AD၊ မွန်ပြည် လွတ်မြောက်ရေးတပ်တော် M.L.A၊ မွန်လွတ်မြောက်ရေးတပ်တော် (MLF) တို့ ပူးပေါင်းပြီး စစ်အာ ဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ အာမခံသည့် မွန်ပြည် တည်ဆောက်ရေး ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article