33 C
Yangon

ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာ စစ်တပ်စခန်းကို PDF များက ဝင်ရောက်တိုက် ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်၊ စစ်တပ်နှင့်ပျူစောထီများ အထိနာ

Must read

ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာ စစ်တပ်စခန်းကို PDF များက ဝင်ရောက်တိုက် ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်၊ စစ်တပ်နှင့်ပျူစောထီများ အထိနာ

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာရှိ ပျူစောထီးနှင့် စစ်တပ်စခန်းကို PDF များက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်ခဲ့ပြီး စစ်တပ်နှင့်ပျူစောထီများ အထိနာနေကြောင်း ကန့်ဘလူလင်းယုန်နီအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

မတ်လ ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီး စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စခန်းသိမ်း ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

“အဲဒီ ချပ်ကြီးရွာက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးမှာရှိတဲ့ရွာ။ အဲဒီရွာမှာ စစ်ကောင်စီက တပ်စွဲထားသလို ရွာကလည်းပျူရွာလို့လည်းပြောလိုရတယ်။ အဲဒီစစ်စခန်းကို ပြည်သူကာကွယ်ရေးတွေက ဝင်သိမ်းပြီး သူတိုဘက်ကအကျဆုံးများလို့ Mi-35 ၂ စီးနဲ့ အခုမနက်ခင်း လာပစ်နေတယ်။ နှစ်ဖက် အကျအဆုံးကတော့ လက်တစ်လောမသိရသေးဘူး” ဟု ကန့်ဘလူလင်းယုန်နီအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိ ချပ်ကြီးရွာ စစ်ဆင်ရေးကို မဟာမိတ် တပ်များဖြစ်ကြသည့် KB2ရယ်၊တောညီနောင်အဖွဲ့ အပါအဝင် တပ်ပေါင်းစုက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းမှာ ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ မြေပြင်မှာ ယှဉ်တိုက်နိုင်စွမ်းမရှိတော့ဘဲ အခု‌လို လေကြောင်းပစ်ကူ အမြဲသုံးနေရတာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article