29 C
Yangon

ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန် တက်လာသည့် စစ်ကား ၁ စီး တိမ်းမှောက်ပြီး စစ်သား ၅ ဦးသေဆုံး

Must read

ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန် တက်လာသည့် စစ်ကား ၁ စီး တိမ်းမှောက်ပြီး စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အရှေ့ဘက်ရှိ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန် တက်လာသည့် စစ်ကား ၁ စီး တိမ်းမှောက် ကာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မတ်လ ၂ ရက် နံနက် ၄ နာရီခန့်တွင် မင်းလှမြို့နယ် အရှေ့ဘက် ပဲခူးရိုးမအတွင်း အကြမ်းဖက် စစ်တပ်က စစ်ကား ၃ စီးဖြင့် စစ်ကြောင်းထိုးရန် မင်းလှ-မြို့ချောင်းကားလမ်းရှိ ခါချဉ်တောင်ပေါ်သို့ တက်လာစဉ် စစ်ကား ၁ စီး တိမ်းမှောက်ကာ ကားပေါ်လာသည့် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” အဲ့နားက အရင်တည်းက သစ်ကား​တွေ ခဏခဏ မှောက်လို့ သေတာ လူ​တွေမနည်းတော့ဘူး။ ဒီနေ့ နံနက်ပိုင်းမှာ မင်းလှဘက်က ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးဖို့ တက်လာတဲ့ စစ်ခွေးကား ၃ စီး မင်းလှ-မြို့ချောင်းကားလမ်းမှာရှိတဲ့ ခါချဉ်တောင်ပေါ်ကို တက်လာတုန်း စစ်ခွေးကား ၁ စီး တိမ်းမှောက်သွားပြီး စစ်သား ၅ ဦးသေသွားတယ်” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်မှ စစ်ကား ၃ စီးသည် မတ်လ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်ရှိ စစ်ကွင်းမြို့ စာသင်ကျောင်း၌ စစ်သား ၅၀ ခန့်ဖြင့် စစ်ကားများဖြင့် ရောက်ရှိလာပြီး စာသင်ကျောင်းအတွင်း ခဏနားကာ မြို့တွင်းရှိ တရားမဝင် လုပ်ငန်း လုပ်ကိုင်သူများထံမှ ငွေတောင်းခံပြီး မင်းလှမြို့ တာဆုံမှ စိန်ကန့်လန့်-မြို့ချောင်းလမ်းအတိုင်း ပဲခူးရိုးမအတွင်း တက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

Photo – မင်းလှ-မြို့ချောင်း လမ်းပိုင်းရှိ စစ်ကားတိမ်းမှောက်ခဲ့သည့် ခါချဉ်တောင်တက်လမ်းကို တွေ့ရစဥ် (ပုံအဟောင်း)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article