ဘုတလင်မြို့ပေါ်ရှိ စစ်တပ် ဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ
ရန်ကုန်၊ မတ် ၂
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်တပ် ဂိတ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်ရာ စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း Local Mobile Team (DPY) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၂ ရက်နေ့ နံနက် အစောပိုင်း နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ MA4 ၁ လက်၊ MA 11 ၁ လက်၊ ၄၀ မမ ၁၅ လုံး၊ MA 11 ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၁၀၅ တောင့်တို့ သိမ်းဆည်ရမိခဲ့ကြောင်း သိရသည်။
” မနေ့ညက ဒီပဲယင်းမြို့နယ် Mobile Team PDF အဖွဲ့နဲ့ မဟာမိတ် အဖွဲ့တွေ ဘုတလင်မြို့ပေါ်က စစ်တပ် ဂိတ်ကို ပစ်ခတ်တိုက်ခိုက်တာ စစ်ခွေးသုံးကောင်သေပါတယ်။ ဒီပဲယင်းမြို့နယ်မှာ ပထမဆုံးဖြစ်တဲ့ တူမီးတိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ ရဲဘော် ၂၆ ဦး အတွက် အချိန်ကိုက် စီစဥ်တဲ့မစ်ရှင်ပါ။ နိုင်ငံအတွက် အသက်ပေးပြီး တူမီးတိုက်ပွဲမှာ ကြွေလွင့်ခဲ့ကြရပါသော အာဇာနည် သူရဲကောင်းတို့ကို အောင်မြင်သောစစ်ဆင်ရေးဖြင့် ဂုဏ်ပြုအပ်ပါတယ်” ဟု Local Mobile Team (DPY) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြေဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Local Mobile Team နှင့် ကြေးမုံတပ်ရင်း (တပ်ခွဲ-၃ ) တပ်ရင်း၁၂ ရွှေဘိုခရိုင် တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။