26.2 C
Yangon

ဖလမ်းမြို့နယ်ရှိ တလန်ရောန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မေ ၁၆

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ တလန်ရောန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့မှ စတင်းပြီး ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ဖလမ်း-ဟားခါး လမ်းပိုင်းရှိ တလန်ရောန်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် တလန်ရောန်ရွာရှိ နေအိမ် ၃၀ ကျော်လည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ အပတ်က စစ်ခွေးတပ်က တလန်ရောန်ရွာမှာရှိတဲ့ နေအိမ် ၃၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားတာ အဲစစ်ခွေးတွေက ကျေးရွာထဲက ပြည်သူပိုင် ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တာတွေလည်း လုပ်ဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၁ ရက်နေ့ ကလည်း ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးရမ်းဒေသအတွင်းရှိ ခေါပွီးချိပ် (Khawpuichhip) ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၅ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ကလေးငယ် ၆ ဦးအထိ ပါဝင်နေကြောင်း ၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၉ နှစ်အရွယ် Pu Lalnunfela နှင့် ၎င်း၏ သားငယ် ၃ ဦးဖြစ်သော Malsawmmawia (၅ နှစ်)၊ Lalhuapzaua (၄ နှစ်)၊ Lalrinzuala (၅ လသား) တို့ သေဆုံးခဲ့ကာ အခြားကလေးငယ် ၃ ဦးဖြစ်သည့် Jedidia Lalduhsaka (၃ နှစ်)၊ Lalrinnunga (၁၀ နှစ်) နှင့် Lalhriatkima (၅ နှစ်) တို့လည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article