28 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် စစ်တပ် ယာဥ်တန်းကို PDF တပ်ဖွဲ့များက ၇ ကြိမ် မိုင်းဆွဲတိုက်ခိုက်

Must read

မုံရွာ-မန္တလေး လမ်းပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် စစ်တပ် ယာဥ်တန်းကို PDF တပ်ဖွဲ့များက ၇ ကြိမ် မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် စစ်တပ် ယာဥ်တန်းကို မုံရွာ-မန္တလေး လမ်းပိုင်းတွင် PDF တပ်ဖွဲ့များက ၇ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ယနေ့ မတ်လ ၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကား ၃ စီးကို မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာနှင့် ရေပိုးစားကျေးရွာကြားအရောက် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နောက်ဆုံးကားကို ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုမသိရသေးကြောင်း သိရသည်။

“ပထမအကြိမ်မှာက တတိယမြောက်ကားကို သေချာပေါက် ထိတယ်၊ ခွေးသေဆုံးထိခိုက်မှုအခြေ အနေ က စုံစမ်းမရသေးဘူး၊ နောက်တစ်ပွိုင့်က ၅ စီးမြောက်ကားကို ဆွဲခဲ့တာ၊ ဘော်ဒီတွေ စုတ်ပြတ် သတ် သွားပြီးတော့ ကားပေါ်ကနေ စစ်ခွေး သွေးတွေ စီးကျနေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောတယ်၊ စစ်ခွေးအတော်များများ သေမှာတော့ သေချာတယ်၊ အတိအကျ စုံစမ်းလို့မရသေးဘူး” ဟု မုံရွာခရိုင် တပ်ရင်း ၁၁ ၊ (People’s Defence Force – South Monywa)အဖွဲ့မှ တာဝန်ရှိသူ Daung Karyan မှ ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မွန်းလွဲ ၂ နာရီခွဲတွင် စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကားကြီး ၅ စီးကို မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာနှင့် ရေပိုးစားကျေးရွာကြားတွင် ပထမပွိုင့်အဖြစ် ပဒေသာမိုင်း ၃ လုံးတွဲ ၂ တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ စီးမြောက်ကား ဖင်ပိုင်းကိုထိမှန်ခဲ့ကြောင်း၊ ဒုတိယပွိုင့် မှ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၅ စီးမြောက်ကားကို ထိထိမိမိထိမှန်ခဲ့ပြီး ကားမှာစုတ်ပြတ်သတ်သွား ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း (People’s Defence Force – South Monywa)၊ Monywa People’s Liberation Force-ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Black Hunter People’s Task Force တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ ပြန်လည်ရမ်းသမ်းပစ်ခတ်မှု များရှိသော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

အလားတူ မြောင်မြို့နယ် T.G.R ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကလည်း ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၃၀ မိနစ်အထိ နမခ မှ ထွက်ခွာလာသော စစ်တပ် ယာဥ်တန်းကို မြင်းမူ မြို့နယ် ဘိုးမင်းကြီးကင်းရွာ၊ ဂွေပင်တောရွာနှင့် နတ်ရေကန်ရွာ အကြားတွင် ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ နမခမှ ထွက်လာသည့် စစ်ကား ၁၈ စီးပါ ယာဥ်တန်းကို ယနေ့ မွန်းလွဲ ၁ နာရီ ၄၉ မိနစ်တွင် ပထမ အကြိမ် မိုင်းဆွဲခဲ့ပြီး ၉ စီးမြောက်ယာဥ်ကို ထိမှန်ခဲ့ကြောင်း၊ ဒုတိယအကြိမ် နမခ မှ ထွက်လာသည့် စစ်တပ် ယာဥ်တန်းကို မုံရွာ- မန္တလေး လမ်းပိုင်းတွင် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့သော်လည်း Jummer များ တပ်ဆင်ထားသောကြောင့် ဖောက်ခွဲမှု မအောင်မြင်ခဲ့ကြောင်း Area 71 PDF Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် ယာဥ်တန်းများကို မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် မုံရွာ-မန္တလေး လမ်းပိုင်းအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article