38 C
Yangon

ခင်ဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀ ကျော်ပြာကျ

Must read

ခင်ဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀ ကျော်ပြာကျ

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသော စစ်တပ်က မုံလှရွာမှ စစ်ဘေးရှောင်များ နေထိုင်သည့် တောတောင် များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အသက် ၈ နှစ်အရွယ် ခရစ်ယာန်ဘာသာဝင် ကလေးငယ် ၁ ဦး လက်နက်ကြီး ထိမှန်ပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်တပ်စစ်ကြောင်းက ဂလုံရွာကိုလည်း လက်နက် ကြီးများဖြင့် ပစ် ခတ် ဝင်ရောက်လာသောကြောင့် ကျေးရွာ ၇ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေရာ နေအိမ် ၆၀ ကျော်ပြာကျခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်ရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲ ရွာတို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည် သူပိုင် နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အောက်တဲရွာကို စစ်တပ်က အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ချပ်သင်းရွာကိုလည်း အကြမ်းဖက် စစ်တပ်များနှင့် ပျူစောထီးများက စီးနင်းခဲ့ပြီး နေအိမ် ၇ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အတူ ပင့်သာ (တည်ပင်) ရွာကိုလည်း အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် မတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူပိုင် နေအိမ် ၅၁ လုံးနှင့် လယ်ယာသုံးပစ္စည်းများ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ လက်ရှိအချိန် အထိတော့ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီးတွေက ကိုးတောင်ဘို့၊ ချပ်သင်းနှင့် ပင့်သာတိုက် နယ်တွေကို ဆက်လက် စစ်ကြောင်းထိုး နေတယ်။ ပြည်သူ ၃၀၀၀၀ ကျော် လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article