အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မတ် ၇
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ပျက်စီးလုလု နိုင်ငံထဲမှာ ကိုယ်နဲ့မဆ်ိုင်သလို ပုံမှန်လိုမနေကြပါနဲ့။
ပြည်သူတွေ ရင်းထားရတဲ့ ဒုက္ခတွေအတွက် အတူရှိကြောင်းလောက်တော့ သက်သေပြပေးပါ” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။



