30 C
Yangon

မိုးညှင်းမြို့မရဲစခန်းနှင့် စစ်တပ်စခန်း ၂ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မိုးညှင်းမြို့မရဲစခန်းနှင့် စစ်တပ်စခန်း ၂ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မတ်လ ၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့မရဲစခန်းနှင့် စစ်တပ်စခန်း ၂ ခုကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် စစ်တပ်စခန်းကုန်း၊ ခလရ ၁၅ တပ် နှင့် မိုးညှင်း မြို့မရဲစခန်းတို့ကို မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ၊ KIA –PDF ပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားဒဏ်ရာ ရရှိပြီး ရဲစခန်းအတွင်းမှ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ တစ်ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

“ကနဦး သတင်းရရှိချက်အရတော့ တပ်စခန်းကုန်းဘက်က အထိအခိုက်စာရင်းကို သေချာမသိရသေးပါ ဘူး၊ မြို့မရဲစခန်းတိုက်ခိုက်မှုမှာတော့ နှစ်ဦးသေတယ်၊ တစ်ဦး အပြင်းအထန်ဒဏ်ရတယ်၊ ဒဏ်ရာ တဲ့စစ်သားကို မြစ်ကြီးနားဆေးရုံပို့လိုက်တယ်၊ ခလရ ၁၅ တိုက်ခိုက်မှုမှာလည်း ထိခိုက်သေဆုံးမှု အတိအကျ မသိရသေးပေမယ့် တပ်ထဲကို လူနာတင်ကား ၃ စီးဝင်သွားတယ်လို့ သိရပါတယ်” ဟု မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း၊ ထိတွေ့တိုက်ပွဲများ မကြာဖြစ်ပေါ်နေသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ် နှင့်ဆက်စပ်သောနေရာများ၊ တိုက်ပွဲများဖြစ်သောနေရာနေရာ အနီးတဝိုက်များကို ရှောင်ရှားသွားလာ ကြရန် မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article