28 C
Yangon

ပုလောမြို့နယ်၊ ခန္တီကျေးရွာကို စစ်တပ် စီးနင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်ရင်း အသက် ၇၀ အရွယ် အဖွားအို အောက်စီဂျင် ပြတ်လပ်သေဆုံး၊ ကျေးရွာ ၄ ရွာက ပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေရ

Must read

ပုလောမြို့နယ်၊ ခန္တီကျေးရွာကို စစ်တပ် စီးနင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်ရင်း အသက် ၇၀ အရွယ် အဖွားအို အောက်စီဂျင် ပြတ်လပ်သေဆုံး၊ ကျေးရွာ ၄ ရွာက ပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၈

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ခန္တီရွာကို အကြမ်းဖက် စစ်တပ် စီးနင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်ရင်း အသက် ၇၀ အရွယ် အဖွားအို အောက်စီဂျင် ပြတ်လပ်သေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ်၊ ခန္တီရွာကို ဝင်ရောက် စီးနင်းစဥ် ထွက်ပြေးတိမ်းရှောင်သည့် အသက် ၇၀ အရွယ် အဖွားအို ဒေါ်အုန်းမြင့် အောက်စီဂျင် ပြတ်လပ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ ရွာကို ဝင်ရောက် စီးနင်းတော့ ထွက်ပြေးတိမ်းရှောင်ရင်း အသက် ၇၀ အရွယ် အဖွားအို ဒေါ်အုန်းမြင့် အောင်ဆီဂျင် ပြတ်လပ်ပြီး သေဆုံးတယ်။ အဖွားက အဆုတ်ရောင် ရောဂါဖြစ်နေတော့ အောက်ဆီဂျင်ပိုက်နဲ့အသက်ရှုရတာ စစ်ခွေးတွေက အင်အားအလုံးအရင်းနဲ့ ရွာထဲဝင်တော့ ဘာမှ ယူချိန်မရလိုက်ဘူး။ စစ်ခွေးတွေက ရွာတွေထဲမှာ ပတ်နေတုန်း” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်ကြောင်းက ဝင်ရောက် စီးနင်းမှုကြောင့် ခန္တီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ ပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article