34 C
Yangon

ဥက္ကံမြို့ သကြားစက် ဓာတ်အားပေး စက်ရုံ၌ မူးပြီး အိပ်ပျော်နေသည့် စစ်သားများထံမှ သေနတ် ၂ လက်ယူလာသည့် ပြည်သူ ၂ ဦးကို ငွေကျပ် သိန်း ၆၀ ချီးမြှင့်

Must read

ဥက္ကံမြို့ သကြားစက် ဓာတ်အားပေး စက်ရုံ၌ မူးပြီး အိပ်ပျော်နေသည့် စစ်သားများထံမှ သေနတ် ၂ လက်ယူလာသည့် ပြည်သူ ၂ ဦးကို ငွေကျပ် သိန်း ၆၀ ချီးမြှင့်

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်း၊ ဥက္ကံမြို့ သကြားစက် ဓာတ်အားပေး စက်ရုံ၌ မူးပြီး အိပ်ပျော်နေသည့် စစ်သားများထံမှ သေနတ် ၂ လက်ယူဆောင်လာသည့် ပြည်သူ ၂ ဦးကို ငွေကျပ် သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း သာယာဝတီမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဥက္ကံမြို့၊ ကျွန်းတောကုန်းအုပ်စုရှိ သကြားစက်ရုံကို မီးပေးနေသည် လျှပ်စစ် ဓာတ်အားပေး စက်ရုံ၌ တပ်စွဲထားသော ဥက္ကံမြို့ အခြေစိုက် အမှတ် ၂၀၁၇ လေကြောင်းရန်ကာကွယ်ရေး တပ် (လကတ ၂၀၁၇) တပ်ရင်းမှ ကင်းစောင့်နေသည့် အရက်မူးပြီး အိပ်ပျော်နေသည့် စစ်သားများ ထံမှ ပြည်သူ ၂ ဦးက MA- 3 ချေမှုန်းရေး ရိုင်ဖယ် ၂ လက်ကို ယူဆောင်လာခဲ့​ကြောင်း သိရသည်။

အဆိုပါ သေနတ် ၂ လက်နှင့်အတူ ၅.၅၆ ကျည် ၄၀၀ ခန့်ပါ ယူဆောင်လာခဲ့ပြီး သာယာဝတီမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ ငွေကျပ် သိန်း ၆၀ ချီးမြှင့်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့နှင့် ချိတ်ဆက်ပေးသူကို ငွေကျပ် ၅ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီကို ရွံရှာ မုန်းတီးနေတဲ့ ပြည်သူ နှစ်ဦးက ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းအချိန်ကင်းစောင့်နေတဲ့ စစ်သားတွေ မူးပြီး အိပ်ပျော်နေတုန်း စစ်ခွေးတွေထံက MA – 3 သေနတ် ၂ လက်နဲ့ ၅.၅၆ ကျည် ၄၀၀ လောက်ပါ ယူလာနိုင်ခဲ့တယ်။ ကျွန်တော်တို့ လက်ခံရရှိတာက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ လောက်တည်းက ရရှိခဲ့တာ ပြည်သူ ၂ ဦးက အခုမှ ဘေးကင်းတဲ့ နေရာရောက်လို့ ထုတ်ပြန်တာပါ။ အဲတာကြောင့် ထုတ်ပြန်ချိန် နောက်ကျခဲ့တာပါ” ဟု သာယာဝတီမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article