ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို မီးဖိုချောင်သုံး ပစ္စည်းများနှင့် စားသောက်ကုန်များ လှူဒါန်း
ရန်ကုန်၊ မတ် ၁၃
ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာမှ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ မတ်လ ၁၃ ရက်နေ့တွင် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က မီးဖိုချောင်သုံး ပစ္စည်းများနှင့် စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
စစ်တပ် မီးရှို့သွားသော ကျေးရွာ ၂ ရွာမှ အိမ်ထောင်စု ၁၅၃ စုအတွက် ဒန်အိုး ၁ လုံး၊ ဇလုံ ၁ လုံး၊ ဇွန်းကြီး ၁ ချောင်း၊ သောက်ရေခွက် ၁ ခု၊ ဆန် ၁ ပြည်၊ ဆီ ၅၀ သား၊ငါးသေတ္တာ ၁ ဘူး တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2023/03/336092085_582963540461668_1093441589250493497_n.jpg)
![](https://yktnews.com/wp-content/uploads/2023/03/335934625_150463577888259_1686117518868801670_n.jpg)
![](https://yktnews.com/wp-content/uploads/2023/03/335039645_726796042569921_1700094211679041343_n.jpg)