30 C
Yangon

ရေစကြို၊ မအူရဲစခန်းအနီးတွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

Must read

ရေစကြို၊ မအူရဲစခန်းအနီးတွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁၆

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းအနီးတွင် အကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ဒိုင်နာ ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ပကဖမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၅ ရက် ညနေ ၃ နာရီခန့်က ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားမှ အကြမ်းဖက်စစ် သားအပြောင်းအလဲလုပ်ပြီး စာရွက်စာတမ်းများ၊ ပစ္စည်းများ သယ်လာဆောင် မအူရဲစခန်းသို့ ပြန်လာ သော အကြမ်းဖက်စစ်သား ၇၀ ခန့်နှင့် ဒိုင်နာကားတစ်စီးကို ရေစကြို-ချောင်းဦးကားလမ်းနှင့် ရထား သံလမ်းကြား မအူ ပန်းခြံအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံး ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒိုင်နာကားပေါ်မှာ ပစ္စည်းတွေတင်ပြီး ရှေ့ကအင်အား ၇၀ လောက်ကခြေလျင်လျှောက်လာတာ၊ အဲဒါ ကို ကျနော်တို့ရဲဘော်တွေက ရှေ့ကတက်လာတဲ့ စစ်ခွေးတွေကို အပိုင်ပစ်ခဲ့တာ၊ အပြန်အလှန် ပစ်ခတ် မှုနာရီဝက်လောက်အကြမှာ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်တာရယ်၊ မအူ ရဲစခန်း ထဲကနေ စစ်ကူတွေလာတာကြောင့် ပြန်ဆုတ်လာခဲ့တာ၊ သေသွားတဲ့အလောင်းတွေကို ၂၅၈တပ် ထဲကို သယ်သွားတယ်” ဟု ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်၊ ပခုက္ကူခရိုင် တပ် ရင်း ၉ ၊ Super Fighter Drone တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီလက် အောက်ခံ မအူရဲစခန်းမှ လက်နက်ကြီး ပစ်ကူပေးခြင်း၊ မြေပြင်မှ စစ်ကူ အမြောက် အများရောက်ရှိလာခြင်းတို့ကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ပြန်လည် ဆုတ် ခွာခဲ့ရပြီး ရဲဘော် တစ်ဦး ပေါင်ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article