28 C
Yangon

ညောင်လေးပင်တွင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှု က​လေးငယ် ၁ ဦးဒဏ်ရာရပြီး ပြည်သူ ၁၀၀၀ ကျော်ထွက်ပြေးနေရ

Must read

ညောင်လေးပင်တွင် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှု က​လေးငယ် ၁ ဦးဒဏ်ရာရပြီး ပြည်သူ ၁၀၀၀ ကျော်ထွက်ပြေးနေရ

ရန်ကုန်၊ မတ် ၁၈

ပဲခူးတိုင်း၊ ညောင်လေးပင်(ခလယ်လွီထူ) ခရိုင်၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ အကြမ်း ဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးဒဏ်ရာရရှိပြီး ပြည်သူ၁၀၀၀ ကျော်ဘေးလွတ် ရာထွက်ပြေးတိမ်းရှောင်နေရ ကြောင်း KNU ဗဟိုထံမှ သိရသည်။

ယမန်နေ့ မတ်လ ၁၇ ရက်​နေ့ နံနက် ၄ နာရီခွဲခန့်အချိန် မူးမြို့နယ်၊ ထွနီကုန်းကျေးရွာနှင့် ဆေးပုလဲ ကျေးရွာ အကြားတွင် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်နှင့် KNLA တပ်မဟာ ၃ လက် အောက်ခံ တပ်ရင်း ၈ တို့ကြား တိုက်ပွဲဖြစ်ခဲ့​ကြောင်း၊ အကြမ်းဖက်စစ်တပ်က ကျေးရွာများအတွင်းသို့ လက် နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ရာ ထွနီကုန်းကျေးရွာ၊ ဘိုးပိုက် ဆံကျောင်းတွင် ၃ လုံ ၊ ထွနီကုန်းရွာ အပြင်ဘက်ကွင်းပြင်တွင် အလုံး ၃၀ နှင့် ဆေးပုလဲရွာ အနောက် ဘက်တွင် ၉ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်တပ်၏ ပစ်ခတ်မှု​ကြောင့် ဘိုးပိုက်ဆံ (ဗြမ္မာရ်စို) ဘာသာရေး အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အ လားတူ နံနက် ၈ နာရီ မိနစ် ၅၀ တွင် အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ရေလဲ(ဗမာ) ဘုန်းကြီးကျောင်း ပေါ်သို့ လက်နက်ကြီး ၄ လုံး ပစ်ချခဲ့ရာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် နှင့်ဓမ္မာရုံ အမိုးများပျက်စီးခဲ့ ကြောင်း၊ ထွနီကုန်းကျေးရွာနှင့် ဆေးပုလဲကျေးရွာမှ လူဦးရေ ၁၁၆၂ ဦးဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင် နေရ ကြောင်း သိရသည်။

အလားတူ မတ်လ ၁၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး ဇေယျာလင်း ဦးဆောင်သော ခမရ− ၆၀ တပ်က ညောင်ကုန်းရွာမှနေပြီး ၈၁ မမ လက်နက်ကြီးဖြင့် ရေလဲ(ကရင်)ကျေးရွာ အတွင်းသို့ လက်နက် ကြီးကျည် ၆ လုံး ပစ်ခတ်ခဲ့​ကြောင်း၊ ကျေးရွာအတွင်းရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းအနီးသို့ ကျရောက် ပေါက်ကွဲကာ ဘုရားကျောင်းအမိုး အနည်းငယ် ပျက်စီးခဲ့​ကြောင်း၊ နွေရာသီသင်တန်းတက်နေသည့် အသက် ၄ နှစ်အရွယ် နော်ထက်ထက်၏ ပေါင်တွင် လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article