28 C
Yangon

ဘီးလင်း၊ သံတံတား စစ်တပ်ဂိတ်ကို လက်နက်ကြီး၊ ရုန်းများဖြင့် တိုက်ခိုက်၊ စစ်တပ်က အရပ်သားပြည်သူ သားအဖ ၂ ဦးကို ပစ်သတ်

Must read

ဘီးလင်း၊ သံတံတား စစ်တပ်ဂိတ်ကို လက်နက်ကြီး၊ ရုန်းများဖြင့် တိုက်ခိုက်၊ စစ်တပ်က အရပ်သားပြည်သူ သားအဖ ၂ ဦးကို ပစ်သတ်

ရန်ကုန်၊ မတ် ၂၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့်ကျိုက်ထိုမြို့နယ်အစပ် သံတားဂိတ်ဂိတ်ကို KNU နှင့် PDF ပူး​ပေါင်းတပ်များက လက်နက်ကြီး၊ ဒရုန်းများ ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့​ကြောင်း သထုံပြည်သူ့ ကာကွယ်ရေးတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်​နေ့ မတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်က တစ်ကြိမ်၊ ညနေ ၆ နာရီခန့်ကတစ်ကြိမ် အကြမ်းဖက် စစ် သား ၁၅ ဦးခန့်ဖြင့် တပ်စွဲထားသည့် သံတံတားဂိတ်စခန်းကို KNLA ၊PDF ၊ KRF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်မှုမရှိနိုင် နေသာ် လည်း အတိအကျမသိရကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ် ဖွဲ့ဝင်များအထိ အခိုက်မရှိပြန် လည် ဆုတ် ခွာနိုင်ခဲ့ ကြောင်း သိရသည်။

“လက်နက်ကြီး၊ ဒရုန်းနဲ့သွားတိုက်ခဲ့တာပါ၊ အားလုံး ၈ လုံး၊ ကျနော်တို့တိုက်တဲ့အချိန် ပြန်ပစ်တာမျိုး မရှိဘူး၊ ည ၇ နာရီ လောက်ကျမှ ကရဝေးရွာထဲကို တံတား ဂိတ်ကနေ ရည်ရွယ်ချက်ရှိရှိ လှမ်းပစ်တာ၊ ရွာသားတစ်ဦးသေ တယ်၊ တစ်ဦးဒဏ်ရာရတယ်၊” ဟု သထုံပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စစ်တပ်က ကျေးရွာအတွင်း သို့ ရည်ရွယ်ချက်ရှိရှိ လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် သားအဖ ၂ ဦးသေဆုံးခဲ့ကြောင်း သထုံပြည်သူ့ ကာကွယ်ရေးတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၀ ရက်​နေ့ ည ၇ နာရီခန့်အချိန် သံတံတားဂိတ်ရှိအကြမ်းဖက်စစ်သားများ၏ လက်နက် ကြီး များ ဖြင့် ပစ်ခတ်မှုကြောင့် ကရဝေးဆိပ်ကျေးရွာအထက်ပိုင်းရှိ ဦးကုလား၏ နေအိမ်အတွင်း တစ်လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ အရွယ်ဦးကုလားမှာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ၎င်း၏ သားဖြစ်သူ ကိုအောင်လွင်ဦးမှာ ဦးခေါင်း၊ လက်၊ ဝမ်းဗိုက်တို့တွင် ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံသို့ ပို့ ဆောင်စဉ်လမ်း၌ သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article