30 C
Yangon

အုတ်ဖိုမြို့နယ်တွင် စစ်တပ်ကင်းပုန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦး ဒဏ်ရာရ

Must read

အုတ်ဖိုမြို့နယ်တွင် စစ်တပ်ကင်းပုန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ်လ ၂၂

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင်စာသင်ကျောင်း၌တပ်စွဲပြီးကင်း ပုန်းဝပ်နေသော နေရာများကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အုတ်ဖိုမြို့နယ် မြေအောက် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့ နယ်၊ ကြို့ကိုးပင်ရွာ စာသင်ကျောင်း၌ တပ်စွဲ၍ ကင်းပုန်းဝပ်နေသော စစ်သားများနှင့် ချဲဒိုင် ၁ ဦး၏ နေအိမ်ကို ၃၈၀၂ တပ်ရင်း တပ်ခွဲ ၄ (အုတ်ဖိုမြို့နယ် မြေအောက် ပြောက်ကျား တပ်ဖွဲ့) က ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ တပ်စွဲထားတဲ့ ကြို့ကိုးပင်ရွာ စာသင်ကျောင်းကို ၄၀ မမ ၂ လုံးနဲ့ ပစ်တယ် စစ်ခွေး ၂ ကောင် ပြင်းထန် ဒဏ်ရာရတယ်။ ချဲဒိုင် အိမ်ကိုလည်း ၄၀ မမ ၁ လုံးနဲ့ပစ်တယ် ထိခိုက်မှုမသိရသေးဘူး။ နောက်ပြီး ကိုင်းကလေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်ကိုလည်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်” ဟု အုတ်ဖိုမြို့ နယ် မြေအောက် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article