35 C
Yangon

မြိုင်တွင် စစ်တပ် ကင်းပုန်းနှင့် စစ်သားများ လိုက်ပါလာသည့် ကားကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံးနိုင်ပြီး PDF ရဲဘော် ၁ ဦးကျဆုံး

Must read

မြိုင်တွင် စစ်တပ် ကင်းပုန်းနှင့် စစ်သားများ လိုက်ပါလာသည့် ကားကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံးနိုင်ပြီး PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ မတ် ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ် ကင်းပုန်းနှင့် စစ်သားများ လိုက်ပါလာသည့် ကားကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးနိုင်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းနှင့် သရက်ကန်ပျူစခန်း အကြားရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးနိုင်ကြောင်း သိရသည်။

နံနက် ၁၀ နာရီခန့်တွင် သရက်ကန် ပျူစောထီး စခန်းမှထွက်လာသည့် စစ်သားများ လိုက်ပါလာသော FAW ကား ၁ စီးကို သရက်ကန် ပျူစောထီး စခန်းနှင့် တွင်းမ ပျူစောထီး စခန်း အကြားတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး FAW ကားမှာ ထိခိုက် ပျက်စီးသွားကာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေးဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် ကိုင်းတောမရဲစခန်းနှင့် စက်မှု ၂ အကြားတွင် မြိုင်မြို့မှ ထွက်လာသော စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် PDF ရဲဘော်များကို အကြမ်းဖက် စစ်တပ် ကင်းပုန်းက ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြိုင်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၄ ၊ တပ်ခွဲ ၂ (ဂဠုန်) ၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article