စစ်ကိုင်းမြို့နယ်၊ ကုန်းရွာတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မတ် ၂၃
စစ်ကိုင်းတိုင်း၊ ကုန်းရွာတွင် စစ်တပ် သတင်းပေး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း လင်းလက်ကြယ် UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၂၀ ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ကုန်းရွာထိပ်ရှိ ကွမ်းယာဆိုင်တွင် ကွမ်းလာ၀ယ်သည့် စစ်တပ် သတင်းပေး သိန်းသန်းကို ပြောက်ကျား တပ်ဖွဲ့များက သေနတ်ဖြင့် ၁၀ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဆေးရုံအရောက်၌ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသော သိန်းသန်းသည် ရွှေတောင်တိုးဂိတ်ကို ဖြတ်သန်းသွားလာသည့် ကားသမားများထံမှ ကား ၁ စီးလျှင် အနည်းဆုံး ၃၀၀၀၀ ကျပ်မှ သိန်း ဂဏန်း အထိ ကောက်ခံခြင်း၊ စစ်တပ်၊ ရဲ သတင်းပေး ပြုလုပ်ခြင်းများကြောင့် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ညီနောင် မဟာမိတ် အဖွဲ့များဖြစ်သည့် လင်းလက်ကြယ် UG အဖွဲ့နှင့် TKF (Truth Keeping Force) တို့မှပူးပေါင်း လုပ်ဆောင်ခဲ့ကာ သိန်းသန်းထံမှငွေသား ၅၈၂၃၀၀ ကျပ်ကို သိမ်းဆည်း ရမိခဲ့ကြောင်း
လင်းလက်ကြယ် UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
