39 C
Yangon

စစ်ကိုင်းမြို့နယ်၊ ကုန်းရွာတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ ကုန်းရွာတွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ကုန်းရွာတွင် စစ်တပ် သတင်းပေး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း လင်းလက်ကြယ် UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၂၀ ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ကုန်းရွာထိပ်ရှိ ကွမ်းယာဆိုင်တွင် ကွမ်းလာ၀ယ်သည့် စစ်တပ် သတင်းပေး သိန်းသန်းကို ပြောက်ကျား တပ်ဖွဲ့များက သေနတ်ဖြင့် ၁၀ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး ဆေးရုံအရောက်၌ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော သိန်းသန်းသည် ရွှေတောင်တိုးဂိတ်ကို ဖြတ်သန်းသွားလာသည့် ကားသမားများထံမှ ကား ၁ စီးလျှင် အနည်းဆုံး ၃၀၀၀၀ ကျပ်မှ သိန်း ဂဏန်း အထိ ကောက်ခံခြင်း၊ စစ်တပ်၊ ရဲ သတင်းပေး ပြုလုပ်ခြင်းများကြောင့် ရှင်းလင်းခဲ့​ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ညီနောင် မဟာမိတ် အဖွဲ့များဖြစ်သည့် လင်းလက်ကြယ် UG အဖွဲ့နှင့် TKF (Truth Keeping Force) တို့မှပူးပေါင်း လုပ်ဆောင်ခဲ့ကာ သိန်းသန်းထံမှငွေသား ၅၈၂၃၀၀ ကျပ်ကို သိမ်းဆည်း ရမိခဲ့ကြောင်း

လင်းလက်ကြယ် UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article