32 C
Yangon

ကန့်ဘလူ၊ ညောင်ဇင်ကြီးရွာမှ စိတ်ဝေဒနာရှင် ၁ ဦးကို စစ်တပ်က မီးရှို့ သတ် ဖြတ် ပြီး ရွာကို မီးရှို့ဖျက်ဆီး

Must read

ကန့်ဘလူ၊ ညောင်ဇင်ကြီးရွာမှ စိတ်ဝေဒနာရှင် ၁ ဦးကို စစ်တပ်က မီးရှို့ သတ် ဖြတ် ပြီး ရွာကို မီးရှို့ဖျက်ဆီး

■ ကျေးရွာ ၇ ခုမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်ကြီးရွာတွင် စိတ်ဝေဒနာရှင် ၁ ဦးကို အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်သွားကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှား သူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ညောင် ဇင် ကြီးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၅၀ ခန့်က ဝင် ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်း စစ် ကြောင်းသည် ညောင်ဇင်ကြီးရွာမှ ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးခေါ် ဆောင် သွားပြီး စိတ်ရောဂါ ခံစားနေရသည့် အသက်၂၀ အရွယ် အမျိုးသား ၁ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ ပစ်ခတ် စီးနင်းမှုကြောင့် ဆူးပုတ်ကုန်း၊ ဗိုလ်ကုန်း၊ ဗိုလ်တဲကုန်း၊ မကုန်း၊ ညောင်ဇင်ကြီး၊ ပေလည်နှင့် သရက်ခေါင်းရွာမှ ပြည်သူ ၁၀၀၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း သိရသည်။

” ရွာထဲက ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ စစ်ခွေးတွေက စိတ် ရောဂါ ခံစားနေရတဲ့ ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်သွားတယ်။ ကျေးရွာ ၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော်ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်” ဟု ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ကလည်း စစ်တပ် စစ်ကြောင်းက ဘဆူးပုတ်ကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း မပြေးလွှားနိုင်ဘဲ ကျန် ရှိခဲ့သည့် သက်ကြီးရွယ်အိုများထံမှ ဖုန်း၊ ပိုက်ဆံ ၈ သိန်းနှင့် နားကပ်ပါ မကျန် ဓါးပြတိုက် ယူဆောင်သွားပြီး ဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ ပြည်သူ ပိုင် ဆိုင်ကယ်များနှင့် နွားအကောင် ၄၀ ကျော်ကိုလည်း ခိုးယူသယ်ဆောင် သွား ခဲ့ကြောင်း သိရသည်။

သတ်ဖြတ် မီးရှို့မှုများ လုပ်ဆောင်ခဲ့ပြီးနောက် စစ်တပ် စစ်ကြောင်းသည် လက်ရှိ အချိန်တွင် ညောင်ဇင်လေးရွာရှိ ပျူစောထီး အထိုင်စခန်းသို့ ပြန်လည် ဆုတ်ခွာ သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခင်လပိုင်းအတွင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article