31 C
Yangon

အင်းစိန်အကျဉ်းထောင်ဂိတ်အနီး ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်၊ ကြည့်မြင် တိုင် တရားရုံးတွင်လည်း ဗုံးပေါက်ကွဲဖြစ်

Must read

အင်းစိန်အကျဉ်းထောင်ဂိတ်အနီး ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်၊ ကြည့်မြင် တိုင် တရားရုံးတွင်လည်း ဗုံးပေါက်ကွဲဖြစ်

ရန်ကုန်၊ မတ် ၂၄

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင် ဂိတ် ၂ အနီးတွင် ယနေ့ နံနက်ပိုင်း ဗုံး ပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ဘုရင့်နောင်လမ်းမကြီး ဘက်မှ အင်းစိန်အကျဉ်းထောင် ဂိတ် အမှတ် ၂ အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ကြောင်း၊ ယင်းနောက် သေနတ်ပစ်ခတ်သံ ၃ ချက် မနည်းကြားရကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။

“အင်းစိန် အကျဥ်းထောင် ဂိတ်၂ အပေါက်မှာ ပေါက်ကွဲမှုဖြစ်တယ်။ အထဲမှာ သေနတ်ဖောက်သံ ၃ ချက်ကြားရတယ်ဗျ။ ထောင်ဘူးဝ အပေါက်မဟုတ်ဘူး။ ဘုရင့် နောင်လမ်းမပေါ်အနားက ထောင်အပေါက်။ နံနက် ၁၁ နာရီ ၃၀ လောက် ဖြစ်မယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အလားတူ မတ်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ကြည့်မြင်တိုင် မြို့နယ်၊ မ ကျည်း တန်းတောင် အနောက်ရပ်ကွက်၊ ကမ်းနားလမ်းပေါ်ရှိ မြို့နယ် တရား ရုံး ပေါက်ကွဲမှုဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က လမ်းကို ပိတ်ဆို့ပြီး စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article