မြောင်မြို့နယ်တွင် ဘီလူးစစ်ကြောင်းက ကျေးရွာ ၂၅ ရွာကျော်ကို စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ မတ် ၂၄
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ဘီလူးစစ်ကြောင်း က ကျေးရွာ ၂၅ ရွာကျော်ကို စစ်ကြောင်းထိုး စီးနင်းနေပြီး ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။
လက္ကပင်ရွာနှင့် တာတိုင် ရွာတို့တွင် ပြည်သူများကို အစုလိုက်အပြုံလိုက် မုဒိမ်း ကျင့် သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် စစ်တပ်၏ ဘီလူးစစ်ကြောင်းက မတ်လ ၁၈ ရက်နေ့က စတင်ကာ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး ကျေး ရွာ ၂၅ ရွာကျော်က ပြည်သူ ၅၀၀၀၀ ကျော်သည် လက်ရှိချိန်ထိ ဘေး လွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း စီးနင်းမှုကြောင့် နဘတ်ရွာ၊ တမဆေးကန်ရွာ၊ မကျည်းကန်ရွာ၊ ဇရက်ကုန်းရွာ၊ ငမြောင်တောင်ရွာ၊ မကျည်းတန်းရွာ၊ ဒေါင်မြင့် ကုန်းရွာ၊ အောင်ချမ်းသာရွာ၊ လက်ယက်မရွာ၊ မကျည်းခွရွာ၊ မင်းခေါင်ရွာ၊ မင်းတည် ရွာ၊ နဂါးပေါက်ရွာ၊ ဖွားစောရွာ၊ ဘုန်းကောင်းရွာ၊ မင်းတန်းရွာ၊ ပေါက်တောအရှေ့ရွာ၊ ပေါက်တောအနောက်ရွာ၊ အညွန့်ရွာ၊ ကျောက်ဖူးကုန်းရွာ၊ ရသစ်ရွာ၊ မယ်မသော်ရွာ၊ ပေါက်ချောင်းရွာ၊ အိုင်သာရွာ၊ သာဒွန်းရွာ စသည့် ကျေးရွာ ၂၅ ရွာကျော်မှ ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ် ကြောင်း သိရှိရသည်။
ယင်း အကြမ်းဖက် စစ်တပ်၏ ဘီလူးစစ်ကြောင်း သည် မြောင်မြို့နယ်အတွင်းရှိ ကျောက်ရစ်ရွာနှင့် သင်္ဘောကျင်းတို့၌ အထိုင်ချ တပ်စွဲထားသော စစ်သားများ နှင့် ပူးပေါင်းကာ ကျေးရွာများအတွင်း စစ်ကြောင်းထိုး စီးနင်းနေခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများလည်း ဆက်တိုက် ဖြစ် ပွားလျက်ရှိကြောင်း သိရှိရသည်။
” အခုစစ်ကြောင်းထိုးနေတဲ့ စစ်ခွေးတွေက ပြည်သူတွေကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့် သတ်ဖြတ်ထားတဲ့ ကောင်တွေဆိုတော့ အကုန်လုံးက သတိထားပြီး ရှောင်နေတာ အားလုံးပေါင်း ကျေးရွာ ၂၅ ရွာကျော်မယ်။ စစ်ခွေးတွေ စစ် ကြောင်း ထိုးတဲ့ အနီးအနားက ရွာတွေက ပြည်သူတွေပါ ရှောင်နေကျတာ စစ်ဘေး ရှောင်က ၅၀၀၀၀ ကျော်တယ်။ အရေအတွက် တော်တော်များတယ်။ မြောင် နဲ့ ချောင်းဦး တဝိုက်ကရွာတွေကိုလည်း စစ်ခွေးတွေက ညဆို လက်နက် ကြီး ၁၂၀ မမတွေ နဲ့ လှမ်းပစ်တာတွေရှိတယ်။ အဲဘက်က ရွာတွေလည်း အကုန် ရှောင် နေရတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။